နံနက်စာ ပုံမှန်မစားရာကနေ ထိခိုက်လာနိုင်တဲ့ ဆိုးကျိုးများ

//s9.kh1.co/65/65b78ef448a5d3d7a1b37c99475955e03c8ee4f8.png
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


နံနက်စာဟာ မနက်တိုင်းပုံမှန်စားသုံးပေးသင့်တဲ့ အရာတစ်ခုဖြစ်ပေမယ့် အချို့သောသူတေကတော့ နံနက်စာကို ပုံမှန်မစားပဲ နေ့လည်စာနဲ့ ညစာကိုသာ အချိန်ပေးစားတတ်ကြပါတယ်။ဒါဟာ နံနက်စာစားဖို့ မအားတာပဲဖြစ်ဖြစ် ၊ အချိန်မပေးချင်တာပဲဖြစ်ဖြစ် ၊ မစားချင်တာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမယ့် နံနက်စာကို ပုံမှန်မစားပေးဘူးဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ များစွာကိုရရှိလာစေနိုင်ပါတယ်။

photo credit - pngtree
photo credit - pngtree

နံနက်စာ ပုံမှန်မစားသုံးရာကနေ ရရှိလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့ နှလုံးသွေးကြောကျဉ်းတာတွေ ၊ နှလုံးသွေးကြောမာတာတွေ ဖြစ်လာနိုင်ပါတယ်။အဝလွန်တာတွေလည်း ဖြစ်လာနိုင်သလို သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေလည်း မြင့်မားလာစေပါတယ်။ဒါ့အပြင် ဆီးချိုရောဂါကိုလည်း ဖြစ်ပွားလာစေနိုင်သလို ကိုလက်စထရောတွေကိုလည်း မြင့်မားလာစေပါတယ်။

photo credit - pngtree
photo credit - pngtree

နောက်ထပ်ဆိုးရွားတဲ့တစ်ခုအနေနဲ့ကတော့ နံနက်စာပုံမှန်မစားသုံးတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကိုပါ အနှောက်အယှက်ပေးလာနိုင်ပါတယ်။ ကိုယ်ကဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မစားပဲနေတာတွေ များလာတဲ့အခါမှာ အပ်နဲ့ပေါက်ရမယ့် အရာကို ပုဆိန်နဲ့ထွင်းနေရတတ်ပါတယ်။ ဒါ့ကြောင့် နံနက်စာကို ပုံမှန်လေးစားပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါရစေ……………….

photo credit - pngtree<br>
photo credit - pngtree

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T