ချစ်ဇနီးလေးရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့မှာ တန်ဖိုးကြီးလက်ဆောင်လေးပေးပြီး ကြည်နူးစရာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ ကံပွင့်

//s9.kh1.co/65/65ff49bd738b20ed9887283ab20eceb9294344c2.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကံပွင့်ကိုတော့ အားလုံးသိကြမယ်လို့ ထင်မိပါတယ်။ ကံပွင့်ဟာ ဆယ်စုနီးပါးလောက် အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကိုရိုက်ကူးထားသူပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့အပြင် " ချွန်တွန်း " ပရဟိတအသင်းမှာလည်း လူမှုရေးအကျိုးပြုပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account

လက်ရှိမှာမှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ ချစ်ဇနီးချောလေးရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာကြောင့် တန်ဖိုးကြီး လက်စွပ်တစ်ကွင်း လက်ဆောင်လုပ်ပေးခဲ့ပြီး အမှတ်တရပုံလေးတွေနဲ့ အတူမွေးနေ့ဆုတောင်းစကားလေးကိုလည်း ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account
Photo Credit- Kan Pwint fb account

"27-1-2021-ယနေ့ကျရောက်သောချစ်ဇနီးလေးရဲ့မွေးနေ့မှာ မောင်စွဲမက်ရတဲ့ ချစ်ဇနီးအတွက်ဇွဲထက်က နှင်းဆီလက်စွပ်လေးလက်ဆောင်ပေးရင်း ရင်ထဲကမွေးနေ့ဆုမွန်တောင်းပေးပါတယ်..... ယနေ့မွေးနေ့မှသည် နှစ်တစ်ရာတိုင်ကျန်းမာချမ်းသာပါစေ အလှူကြီးတွေပေးနိုင်ပါစေ...သာသနာပြုနိုင်ပါစေ..." ဆိုပြီး ကြည်နူးစရာကောင်းလောက်အောင် ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဟာသလူရွှင်တော်ကြီး ကံပွင့်ရဲ့ မွေးနေ့ဆုတောင်းစကားကို သဘောကျမယ်လို့လည်း ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - Kan Pwint fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T