အသားအရေလှပတဲ့ သူလေးတွေတွေ့ရင် လူတိုင်းလိုက်ငေးမောကြည့်တတ်ကြပေမယ့် မိမိကိုယ်တိုင် အသားအရေလှပအောင် လုပ်ဖို့အတွက်တော့ ပျင်းတတ်ကြပါတယ်။ ဆိုင်မှာသွားလုပ်ရလို့ အချိန်ကုန်တာနဲ့ ဈေးကြီးလို့မလုပ်နိုင်တာနဲ့ အကြောင်းပြချက်တွေအမျိုးမျိုးရှိပြီး အသားအရေထိန်းသိမ်းတာကို မလုပ်မိကြပါဘူး။ ဒါ့ကြောင့်ပရိတ်သတ်တွေကို ငွေလဲမကုန် အချိန်လဲအရမ်းကြီးမပေးရပဲ အသားအရေလှပအောင် ပေါင်းတင်နိုင်တဲ့ နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။
ဒီနည်းလမ်းလေးကတော့ ဆန့်မှုန့်ရယ် ၊ ရေနွေးရယ် ပျားရည်လေးရယ်ကိုရောစပ်ပြီး ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်းလေးပဲဖြစ်ပါတယ်။ ပြုလုပ်မယ်ဆိုရင်တော့ ဆန့်မှုန် လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို ရေနွေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်းတို့နဲ့ ရောစပ်ပြီး နှံ့အောင် မွှေကာ မျက်နှာအနှံ့ကို လိမ်းပေးပါ။လိမ်းတဲ့နေရာမှာလည်း မျက်နှာတစ်ခုလုံး နေရာလွတ်မကျန်အောင် သေချာလေးလိမ်းပေးဖို့လိုပါတယ်။ လိမ်းပြီး မိနစ် နှစ်ဆယ် ၊ နာရီဝက်လောက်ကြတဲ့အခါမှာ မျက်နှာပေါ်မှာ လိမ်းထားတဲ့ဟာလေးတွေက ခြောက်သွေ့လာပါလိမ့်မယ် ။
ခြောက်သွေ့လာပြီဆိုရင် ရေအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီပေါင်းတင်နည်းလေးကို မကြာခနပြုလုပ်ပေးမယ်ဆိုရင် မျက်နှာအသားအရေဟာ တဖြေးဖြေး ကြည်လင်လာပြီး သိသိသာသာလှပလာပါလိမ့်မယ်။ မနက်ပိုင်းအချိန်မှာ ပြုလုပ်ပေးတာက အကောင်းဆုံးဆိုပေမယ့် အကယ်၍အချိန်မပေးနိုင်လို့ ညဘက်မှ ပြုလုပ်ပေးမယ်ဆိုရင်လည်း ရပါတယ်။
သတင်း အရင်းအမြစ်៖ Healthline