ခန္ဓကိုယ် အောက်ပိုင်းကြွက်သားတွေ သန်မာစေဖို့ Chair Pose Yoga ကျင့်စဉ်လေး ကျင့်ကြမယ်

//s9.kh1.co/a8/a858bb12ca19920ef35adffa31f6315c202a286f.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Myanmarload ရဲ့အပတ်စဉ်တင်ဆက်ပေးနေတဲ့ Yoga ကျင့်စဉ်အခမ်းဂဏ္ဏ လေးကတော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပရိသတ်တွေအတွက် ဒီတစ်ပတ်မှာဆိုရင်လည်း Chair Pose Yoga ကျင့်စဉ်လေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီလေ့ကျင့်ခန်းလေးက ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားလေးတွေကို သန်မာစေတဲ့အပြင် ကျောရိုးလေးတွေကိုလည်း ဆွဲဆန့်ရတာမို့လို ကျောဘက်အတွက်လည်း ကောင်းမွန်စေပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/c0/c05bdaeead9871f5556bbfdf4298ec943a24088a.png

ဒီလေ့ကျင့်ခန်းလေးကို ပြုလုပ်မယ်ဆိုရင်တော့ ပထမဦးဆုံး ခြေထောက်လေးကို သုံးလက်မလောက်ခွဲထားပြီး ရပ်ပေးပါ၊။ ပီးရင်တော့ ရှူသွင်းလိုက်တဲ့လေနဲ့အတူ လက်နှစ်ဖက်ကို အရှေ့ကိုဆန့်ထုတ်ပြီး ဒူးကိုနည်းနည်းလေးကွေးပေးပါ။ တင်းပါးကိုတော့ အနောက်ကို များများလေး ထိုင်ချထားပြီး လက်ကို အပေါ်သို့ ဆန့်ထုတ်ပေးပါ။ဒီပုံစံအတိုင်းလေး ၈ စက္ကန့်လောက်နေပြီးသွားရင်တော့ ရှူထုတ်လိုက်တဲ့လေနဲ့အတူ ပုံမှန်အနေအထားလေးကို ပြန်သွားလို့ရပါပြီ။

https://s9.kh1.co/__image/w=650,h=366,q=100/82/82ad1d7e79b2da290adad55d3b52bae8b56369af.png

နောက်တစ်မျိုးအနေနဲ့ကတော့ chair pose ကျင့်စဉ်လေးအတိုင်း ခန္ဓာကိုယ်ကို ပြုလုပ်ထားပေးပါ၊ ပီးရင်အပေါ်ကိုဆန့်ထုတ်ထားတဲ့ လက်လေးနှစ်ဖက်ကို ရင်ဘတ်နားကိုရွှေ့ပြီး လက်အုပ်ပေးချီပေးပါ။ ပီးရင် ရှူထုတ်လိုက်တဲ့လေနဲ့အတူ ခန္ဓာကိုယ်အပေါ်ပိုင်းကို ညာဘက်ကိုလှည့်ပေးပါ ၊ လှည့်နေရင်းနဲ့ ဘယ်ဘက်တံတောင်လေးနဲ့ ညာဘက်ဒူးလေးကို တွန်းထုတ်ထားပေးပါ၊ ပီးရင်တော့ ဒီပုံစံလေးအတိုင်း 8 စက္ကန့်လောက်နေပေးပါ ၊ နေပီးသွားပြီဆိုရင် ဘယ်ဘက်ကိုစောင်းပြီး ၎င်းပုံစံလေးအတိုင်းပြုလုပ်ကာ 8 စက္ကန့်လောက်နေပေးပါ၊ ဒီလေ့ကျင့်ခန်းလေးကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ကျောရိုးညောင်းညာတာလေးတွေသက်သာပြီး နေရထိုင်ရတာ သက်တောင့်သက်သာရှိစေမှာပါ။ ဒီလေ့ကျင့်ခန်းလေးတွေကို Yoga ဆရာမ မအိဘယ်လို လေ့ကျင့်ပြထားလဲဆိုတာ အောက်ကဗီဒီယိုလေးထဲမှာ ကြည့်ရှုလို့ရတယ်နော် ပရိသတ်ကြီး……………………………….

https://s9.kh1.co/__image/w=650,h=391,q=100/18/1872dae0508e7320a4a14d77cdc26b5960768fd5.png
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T