အိန္ဒိယနိုင်ငံအတွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မျက်နှာနစ်ခုပါတဲ့ ထူးထူးဆန်းဆန်း ကလေးငယ်လေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ဒီကလေးငယ်လေးကိုတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ရွာကလေးတစ်ရွာမှာ နေထိုင်တဲ့ ဆင်းရဲသားလင်မယားနှစ်ဦးက မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
Lali လို့ခေါ်တဲ့ ဒီကလေးငယ်လေးဟာ မွေးဖွားလာထဲက မျက်နှာနှစ်ခုဆိုတဲ့အတိုင်း မျက်လုံးနှစ်စုံ ၊ နှုတ်ခမ်းနှစ်စုံ ၊ နှာခေါင်းနှစ်စုံ ၊ ပါးစပ်နှစ်စုံနဲ့ ထူးထူးဆန်းဆန်း မွေးဖွားလာခဲ့တာပါ။ ဒီကလေးလေး အခုလိုမွေးလားတာဟာ ဆေးပညာအရကြည့်ရင် သန္ဓေသား ချွတ်ယွင်းမှုကြောင့် ဆိုပေမယ့် မိဘတွေကတော့ နတ်ဘုရားတစ်ပါး ဝင်စားတာလို့ ယုံကြည်ခဲ့ကြပါတယ်။ဒီကလေးရဲ့မွေးဖွားလာမှု ပုံစံဟာ အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူ့မှာပါတဲ့ ပါးစပ်ပေါက်နှစ်ခုလုံးကနေ အစားစားနိုင်သလို မျက်လုံးတွေကလည်း အကုန်လုံးအဖွင့်အပိတ်လုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီကလေးလေး မွေးဖွားလာချိန်တုန်းကဆိုရင်လည်း သူမကိုကြည့်ဖို့အတွက် လူပေါင်း ၁၀၀ လောက်နေ့စဉ်လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် Lali လေးဟာ လူ့လောကထဲမှာ အကြာကြီးမနေခဲ့ရပါဘူး ၊ သူမအသက် နှစ်လ ပြည့်တဲ့နေ့မှာပဲ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ရပါတယ်။ Lali လေးရဲ့အလောင်းကိုတော့ သူမမွေးဖွားတဲ့ ရွာမှာပဲ မြှုပ်နှံခဲ့ပြီး သူမကိုသတိရစေဖို့အတွက် ဘုရားကျောင်းတစ်ခုကို တည်ဆောက်ခဲ့ကြတယ်လို့ သိရပါတယ်။ Lali လေးဟာ လူ့လောကထဲမှာ နှစ်လလောက်သာနေခဲ့ရပေမယ့် ထူးထူးဆန်းဆန်းနဲ့ မွေးဖွားလာတဲ့ သူမရဲ့အကြောင်းကိုတော့ လူတွေပါးစပ်ဖျားမှာ အခုထိပြောနေကြဆဲပါပဲ…………………………..
သတင်း အရင်းအမြစ်៖ Wikipedia