မိခင်ဖြစ်သူ မီးဖိုခန်းထဲမှာ သီချင်းလေးဆိုပြီး ချက်ပြုတ်နေတာကို ချစ်အားပိုကာ မသိအောင်ဗီဒီယိုလေး ခိုးရိုက်ထားတဲ့ လင်းဇာနည်ဇော်

//s9.kh1.co/93/9337a408bcf8cf441b8871bc7059517023d1e2ae.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဝါ့ရင်သရုပ်ဆောင် မင်းသမီး လင်းဇာနည်ဇော် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိနေတုန်းပဲ ဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်းလုပ်ကိုင်နေတာ တွေ့ရပါတယ်။ ယနေ့ အမေများနေ့မှာတော့ လင်းဇာနည်ဇော် က မီးဖိုခန်းထဲမှာ သီချင်းဆိုပြီး ချက်ပြုတ်နေတဲ့ မိခင်ကို မသိအောင် ဗီဒီယိုလေးရိုက်ပြီး သူမရဲ့ လူမှုကွန်ယက်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account

ဒီဗီဒီယိုလေးနဲ့လည်း လင်းဇာနည်ဇော် က "ကျွန်မပြောပြချင်တဲ့ ကျွန်မအမေအကြောင်းထဲကသေးသေးလေးတစ်ခု အမေကသူ့ကိုဓါတ်ပုံရိုက်တာတို့ ပုံတင်တာတို့လုံးဝမကြိုက်ဒီနေ့တော့ကျွန်မအမေ့ကိုခိုးရိုက်ပြီး အမေမကြိုက်တဲ့အလုပ်ကိုလုပ်လိုက်ပြီ အမေ့အသက်(၇၈)နှစ်ရှိပြီ အူမကြီးကင်ဆာနဲ့ခွဲစိတ်ထားတာ(၈)လလောက်ရှိပါပြီ ဆေးရုံတက်နေတဲ့အချိန်နဲ့ ဆေးရုံဆင်းပြီး(၁)လ(၂)လလောက်သာ သားသမီးတွေအကုန်တော်တော် တောင်းပန်ထားလို့ ခဏနားနေလိုက်တယ်....

Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account
Photo Credit- Lin Zarni Zaw fb account

နည်းနည်းထူထောင် အနာအညှော်ရှောင်လွတ်ချိန်မှစ ခုချိန်ထိ အသက်အရွယ်မေ့ ရောဂါကိုဥပက္ခာပြုပြီး ဘာတွေပဲကြုံလာကြုံလာ ဒီလိုသီချင်းသံလေးနဲ့ပဲ အေးအေးချမ်းချမ်းသားသမီးတွေကိုပေးဆပ်နေတဲ့မေမေ...ကျွန်မတို့အလိုချင်ဆုံးဆုလေးကတော့..ကျွန်မတို့အပေါ် မေတ္တာတရားအကြီးမားဆုံးနဲ့အမြဲတမ်းပေးဆပ်နေတဲ့ ကျွန်မတို့မေမေကျန်းကျန်းမာမာအေးအေးချမ်းချမ်းနဲ့ အသက်ရှည်ရှည်လေးနေပေးဖို့ပါပဲ " ဆိုပြီး ကြည်နူးစရာကောင်းလောက်အောင် ရေးသားထားပါတယ်။ ချစ်ပရိသတ်တွေလည်း ဒီပုံလေးတွေနဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Lin Zarni Zaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T