အစာရေစာ အခက်အခဲဖြစ်နေတဲ့ ခွေးလေးတွေအတွက် ကြည်နူးပီတိဖြစ်စရာ အလှူလေးပြုလုပ်ခဲ့တဲ့ ဆုမြတ်နိုးဦး

//s9.kh1.co/9b/9b29659bd0dad4033f2fd27e16c98cd576e21223.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားတဲ့ သူပဲဖြစ်ပါတယ်။ဆုမြတ်နိုးဦးဟာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် လူမှုကွန်ယက်မှာ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ရောင်းပေးနေတာ တွေ့ရပါတယ်။

Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account

ဆုမြတ်နိုးဦး က တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ရွယ်ပေမဲ့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း မကြာခဏတတ်နိုင်သလောက် လှူဒါန်းပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ ဆုမြတ်နိုးဦး က ကြည်နူးပီတိ ဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခုကကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account
Photo Credit - Myo Myo khine fb account

ဒီအလှူလေးကတော့ လမ်းဘေးက ခွေးလေးတွေကို အစာကျွေးဖို့အတွက် သရုပ်ဆောင် မျိုးမျိုးခိုင်ဆီမှာ အလှူငွေလှူပေးခဲ့တာ ဖြစ်ပါတယ်။ မျိုးမျိုးခိုင် ရဲ့ လူမှုကွန်ယက်မှာလည်း "သမီးလေးဆုမြတ်နိုးဦးရဲ့အလူုလေးပါရှင် သမီးအလုပ်တွေအစဥ်ပြေပါစေ ကျမ်းမာသက်ရှည်ပါစေစိတ်ကြည်သန့်ရှင်းကိုယ်တွင်းတရားများရရှိပါစေရှင်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ဆုမြတ်နိုးဦးကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်

သတင်း အရင်းအမြစ်Source -Myo Myo Khine fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T