ဖခင်ဖြစ်သူရဲ့ facebook account အခိုးခံရပြီး ငွေလိမ်တောင်းနေတာကြောင့် ရင်းနှီးတဲ့သူတွေမယုံကြဖို့ အသိပေးပြောလာတဲ့ စိုးပြည့်သဇင်

//s9.kh1.co/a0/a02842736f9684bc0f053f76f97894ce7342adf4.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးပဲဖြစ်ပါတယ် ။ စိုးပြည့်သဇင်ဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် ပီပြင်အောင်သရုပ်ဆောင်တတ်တာကြောင့်လည်း အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လတ်တလောမှာ သူမဟာ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေ ခဏတာရပ်နားထားတာ တွေ့ရပါတယ်။

Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page

စိုးပြည့်သဇင်က ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေအပြင် ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က စိုးပြည့်သဇင် ဖခင်ရဲ့ Facebook account ခိုးခံရပြီး ငွေလိမ်ပြီး တောင်းခဲ့တာကြောင့် အခြားရင်းနှီးတဲ့ မိတ်ဆွေတွေ ငွေအလိမ်မခံရအောင် သူမရဲ့ လူမှုကွန်ယက်မှာ အသိပေးဖော်ပြလာတာ တွေ့ရပါတယ်။ "စိုးပြည့်အဖေအကောင့်ဟက်ခံရလို့ပါ....ငွေလည်းလိမ်ပြီးတောင်းနေပါတယ်...

Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page
Photo Credit - Soe Pyae Thazin Fb Page

ဖေဖေရဲ့ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံး...မယုံကြပါနဲ့နော်....ဒီအကောင့်ကဖေဖေမဟုတ်တော့ပါ....ဒီအကောင့်ကတင်တဲ့အရာမှန်သမျှ ဖေဖေမဟုတ်တော့ပါနော်....ငွေတွေလွှဲခိုင်းတာမလွှဲကြပါနဲ့...စိုးပြည့်ကိုတောင်ပိုက်ဆံလွှဲခိုင်းနေလို့ပါ...rpထုပေးကြပါနော်.." ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးလည်း စိုးပြည့်သဇင် ဖခင်ရဲ့ Facebook account ကို report ထုပေးပြီး ကူညီပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ်Source - Soe Pyae Thazin Fb Page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T