သရုပ်ဆောင်ပိုင်းမှာသာမက ပတ္တလားတီးတဲ့နေရာမှာလည်း ကျွမ်းကျင်စွာတီးခတ်နိုင်သူကြောင်း လက်စွမ်းပြလိုက်တဲ့ ညောင်ညောင်ရဲ့ ဗီဒီယို

//s9.kh1.co/1d/1d1477fe8b38ee43ccd840632f269b52818f0537.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ညောင်ညောင် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ ညောင်ညောင် က ဗီဒီယိုဇာတ်ကားများစွာကိုရိုက်ကူးထားပြီး အကောင်းဆုံးလျှောက်လှမ်းခဲ့ကာ အောင်မြင်မှုတွေရရှိထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 

ညောင်ညောင် က အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူဖြစ်တာကြောင့် ပရိသတ်တွေအပြင်အနုပညာမောင်နုမတွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်အပြင် ပတ္တလားတီးခတ်နဲ့နေရာမှာလည်း ကျွမ်းကျင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ညောင်ညောင်က ပရိသတ်တွေ သဘောကျစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 
Photo Credit - Nyi Nyi Hlaing fb account 

ဒီဗီဒီယိုလေးကတော့ ညောင်ညောင်က အရင်ကနာမည်ကြီးခဲ့တဲ့ သီချင်းကြီးကို ကိုယ်တိုင်သေသေချာချာ လက်စွမ်းပြ တီးခတ်ဖျော်ဖြေပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ညောင်ညောင် က " ပတ္တလားအိမ်အသစ်နဲ့မတီးဖြစ်တာကြာခဲ့တဲ့လက်ကိုပြန်နွှေးရင်း"စွဲမက်ပါတဲ့အာရုဏ်"ဆိုတဲ့သီချင်းလေးကိုတတသလောက်မှတ်မိသလောက်လေးတီးမိပါကြောင်း......." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ညောင်ညောင်ရဲ့ အနုပညာစွမ်းရည်ကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source -Nyi Nyi Hlaing's facebook account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T