ပရိသတ်ကြီးရေ MRTV - 4 မင်းသားချောလေးကောင်းမြတ်စံ ကတော့ အနုပညာနယ်ပယ်တစ်ခုမှာ နေရာတစ်နေရာကိုရပ်တည်ထားတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကောင်းမြတ်စံက ရုပ်သံဇာတ်လမ်းတွဲတွေထဲကမှာ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကတော့ ကြော်ငြာတွေအပြင် ဇာတ်လမ်းလေးတွေကိုလည်း ရိုက်ကူးနေရတာ တွေ့ရပါတယ်။
ကောင်းမြတ်စံက အမြဲတမ်းလွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန့်ညားမှုတွေကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း အားပေးဝန်းရံနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း မကြာခဏဆိုသလို ချစ်တဲ့သူတွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာတော့ ကောင်းမြတ်စံက ပရိသတ်တွေအတွက် ပရိသတ်တွေ သွားရည်ကျမတတ်ဖြစ်စေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးကတော့ ကောင်းမြတ်စံ က ညီနန္ဒ ကိုယ်တိုင် ရှုတင်ကိုလာရောက်ပို့ပေးတဲ့ ထောပတ်ထမင်းကို ပလုတ်ပလောင်းနဲ့ မြိန်ရေရှက်ရေ အားရပါးရ စားသောက်ပြနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ကောင်းမြတ်စံက " ရှုတင်ကို ထောပတ်ထမင်း တကူးတက လာပေးသော ကို Nyi Nanda ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ "ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မင်းသားချောလေး ကောင်းမြတ်စံ ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Kaung Myat San fb account