Selfie ရိုက်ဖို့ကြိုးစားနေရာကနေ ရေစီးထဲမြောပါပြီး သေဆုံးသွားတဲ့ကောင်မလေးဗီဒီယိုဖိုင်

//s9.kh1.co/a7/a776ea0eb9bda92642770cb37b81248385c02959.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီဖြစ်ရပ်လေးဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ပြီး တကယ့်ကိုသင်ခန်းစာယူစရာဖြစ်ရပ်တစ်ခုပါပဲ ။ ဖြစ်ပွားပုံကတော့ Nirupama Prajapati လို့ခေါ်တဲ့ ကောင်မလေးဟာ အခြားသော လူတွေနဲ့အတူ ရေစီးအရမ်းသန်တဲ့ မြစ်အပေါ်ပိုင်းနားမှာ Selfie ရိုက်ဖို့ ကြိုးစားနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အနောက်က အမျိုးသားတစ်ယောက်ဟာ Prajapati အနားကိုကပ်လာစဉ် ခြေချော်ပြီး လဲကျကာ သူမကိုတွန်းထုတ်လိုက်သလိုဖြစ်ပြီး Prajapati ဟာ ရေစီးနဲ့အတူ မြောပါသွားခဲ့ပါတယ်။

photo credit - Daily Mail
photo credit - Daily Mail

အဲ့အချိန်မှာတော့ အော်သံကြီးတစ်ခုသာ ကြာခဲ့ရပြီး Prajapati ဟာလည်း ရေစီးနဲ့အတူ ပြောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူမရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ တာဝန်ရှိသူတွေနဲ့အတူ Prajapati ကို လိုက်လံရှာဖွေခဲ့ကြပေမယ့် ချက်ခြင်းမတွေ့ခဲ့ကြပါဘူး ။ 22နာရီလောက်ရှာဖွေပြီးမှသာ သူမကျသွားတဲ့နေရာနဲ့ သိပ်မနီးမဝေးက ကျောက်ဆောင်တစ်ခုအနားမှာ သေဆုံးနေတဲ့ Prajapati ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail

အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ကျောင်ဆောင်တွေနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေကိုတွေ့ရပြီး ရေတွေလဲဝင်ထားတာကြောင့် အလောင်းကပွနေခဲ့ပါတယ်။ သူမရဲ့မိသားစုဝင်တွေအနေနဲ့လည်း Prajapati ရဲ့အသက်မရှိတော့တဲ့ အလောင်းကိုမြင်တွေ့ရတာကနေ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပေမယ့် Prajapati ရဲ့အသက်က ပြန်ရှင်မလာနိုင်တော့ပါဘူး။Selfie ကောင်းကောင်းလေး တစ်ပုံရဖို့အတွက်နဲ့ မတော်တဆမှုဖြစ်ပြီး အသက်ပေးသွားရတဲ့ Prajapati ရဲ့အဖြစ်ကတော့ တကယ့်ကိုကြေကွဲစရာပါပဲ။

photo credit - Daily Mail<br>
photo credit - Daily Mail

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T