မြို့ဟောင်း (၅)မြို့ အဓိဌာန်ဝင်ခဲ့ပြီး ထူးထူးခြားခြား ဘုရားပုံတော်ပါတဲ့ ညောင်ရွက်လေးကို ဖူးမြော်လို့ရအောင် ဖော်ပြလာတဲ့ နေမျိုးအောင်

//s9.kh1.co/5a/5a953e589f9627569cbf217e302b0ae62977cd9d.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားကြီးနေမျိုးအောင် ကတော့ အနုပညာနယ်ပယ်တစ်ခုမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နေမျိုးအောင်က ဗီဒီယိုဇာတ်ကားတွေကို များစွာရိုက်ကူးထားခဲ့ပြီး ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေရရှိထားတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း လုပ်ကိုင်တာ တွေ့ရပါတယ်။

Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account

နေမျိုးအောင်က သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဇနီးမောင်နှံ နှစ်ယောက်က အလှူအတန်းတွေကို လှူဒါန်းပေးသလို ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ယနေ့မှာဆိုရင်တော့ နေမျိုးအောင် တို့ဇနှီးနှစ်ယောက်က မြို့ဟောင်း (၅) မြို့အဓိဌာန် အောင်မြင်ခဲ့ပြီဆိုကာ ကြည်နူးစရာကောင်းတဲ့  ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account

ဒါ့အပြင် အဓိဌာန်ဝင်နေတဲ့ ညောင်ပင်မှာ ထူးထူးဆန်းဆန်း ဘုရားပုံတော်ပါတဲ့ ညောင်ရွက်ကြွေကျထားတာကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီပုံလေးတွေနဲ့ နေမျိုးအောင် က " မြို့ဟောင်း (၅) မြို့အဓိဌာန်အောင်မြင်နောက်ဆုံး ညောင်ရမ်းမြို့မှညောင်ပင်မှညောင်ရွက်သည်ပြီးခဲ့သည့် လပြည့်နေ့တွင်ယခုကဲ့သို့ညောင်ရွက်များကြွေကြပြီး ဘုရားပုံပေါ်နေပုံ ရွာသားများထံမှဓါတ်ပုံပါ" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း နေမျိုးအောင်တို့ရဲ့ အဓိဌာန်ဝင်ခဲ့တဲ့ ပုံလေးတွေကို ကြည်နူးပီတိ ဖြစ်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account
Photo Credit- Nay Myo Aung fb account

သတင်း အရင်းအမြစ်Source - Nay Myo Aung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T