ဆေးလာကုတဲ့သူတစ်ဦးရဲ့ ကြက်သီးထရလောက်အောင် ကြည်နူးပီတိဖြစ်စရာ အလှူလေးပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြလာတဲ့ ထူးခန့်ကျော်

//s9.kh1.co/07/07ebf83c00175f08746bf60524ce74bac7b71203.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သဘာဝမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ထူးခန့်ကျော်က အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ သဘာဝမင်းသားကြီးလို့ ခေါ်တတ်ကြတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေအပြင် အရိုအကြောဝေသနာခံစားရတဲ့ သူတွေကို မြန်မာ့ရိုးရာဆေးကုသမှုနဲ့ အခမဲ့ ကုသပေးနေတာကို တွေ့ရပါတယ်။

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

သူ့ရဲ့ ဆေးကုသမှုက သိသိသာသာ ပျောက်ကင်းတာကြောင့် အိမ်ကိုလာရောက်ကုသတဲ့သူတွေ များတာလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ထူးခန့်ကျော်က လူနာရှင်တစ်ဦးရဲ့ ကြက်သီးထစရာကောင်းတဲ့ မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တာကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ပြောပြထားရာမှာလည်း "သာဓုအကြိမ်ကြိမ်ခေါ်လိုက်ရပါတယ်သမီးလေးမကြည်ကြည်သိန်းရေ ပထမတစ်ကြိမ်မိမိရဲ့ချွေးနဲစာလေးတွေနဲ့ ဘုရားတည်ဖို့အလှူငွေ၅၀၀၀၀(ငါးသောင်းကျပ်)လာလှူရင်းနောက်ထပ်သဒ္ဓါစိတ်ပေါက်ကာ မိမိနားမှာအမြတ်တနိုးဝတ်ထားတဲ့ နားကပ်ပါချွတ်လှူလိုက်ပြန်သောကြောင့် သမီးလေးရဲ့သဒ္ဓါစိတ်ကိုမြင်လိုက်ရသောကျွန်တော်အဖို့ ကြက်သီးထလောက်အောင်ဝမ်းသာပီတိဖြစ်စွာဖြင့်သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် .....

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

နောက်ထပ်လည်း မိမိလှူယုံတင်အားမရ၍ နိဗ္ဗာန်ဆော်ပြုလုပ်ကာ ကိုအောင်ကောင်းမြတ်ဦးဇနီးမသဥ္ဇာစိုး၊ သမီးမခြူးမြတ်နန္နာမိသားစုကလည်း အလှူငွေ၅၀၀၀၀(ငါးသောင်းကျပ်)နှင့်နားကပ်တစ်ရံအား ထပ်မံလာရောက်ကာလှူဒါန်းမှု့ပြုလုပ်ပေးသွားပြန်ပါသောကြောင့် သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် ယခုလိုလှူဒါန်းမှု့ပြုလုပ်ပေးသွားသော ဘုရားဒကာမလေးမကြည်ကြည်သိန်းမိသားစုနှင့် ဘုရားဒကာလေးကိုအောင်ကောင်းမြတ်ဦးမိသားစုအားလုံးတို့နှင့် ၇နှစ်ရက်သားသမီးများအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာဖြင့် လိုတိုင်းတရရှိကြစေပြီး ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်..." ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ဒီအလှူလေးကို ကြည်နူးပီတိဖြစ်ရမယ်လို့ ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T