အော်သိဒ္ဓိသဲပုံစေတီ ဘုရားထီးတော်တင်ပွဲလေးမှာ ကြည်နူးစရာကောင်းတဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ မြင့်မြတ်

//s9.kh1.co/2a/2aa0327154b9530f6a912113ace19a361cedf69f.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မြင့်မြတ် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ မြင့်မြတ် ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးထားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက် ကြိုးကြိုးစားစား လုပ်ကိုင်နေပြီး ချစ်ရတဲ့ မိသားစုလေးနဲ့လည်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page

မြင့်မြတ် က အနေအေးပြီး စိတ်သဘောထားပြည့်ဝသလို အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းပေးတာ တွေ့ရပါတယ်။ သူ့ရဲ့အလှူလေးတွေပြုလုပ်တိုင်းကိုလည်း ချစ်တဲ့ပရိသတ်တွေ ကြည်နူးပီတိဖြစ်အောင်လည်း ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်တော့ မြင့်မြတ် က ပရိသတ်တွေနောက်ထပ် ကြည်နူးစရာကောင်းတဲ့ အလှူလေးပြုလုပ်ခဲ့တာကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page

ဒီအလှူလေးကတော့ မြင့်မြတ် က မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့အတူ ဘုရားထီးတော်တင်ပွဲလေးမှာ တတ်နိုင်သလောက်အလှူငွေလေးတွေ လှူဒါန်းပေးပြီး ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်ပြီး မြင့်မြတ် က" အော်သိဒ္ဓိသဲပုံစေတီ ထီးတော်တင်ပွဲလေးမှာ တစ်ထောင့်တစ်နေရာကနေ ၇ ရက်သားသမီးနဲ့အတူ ကုသိုလ်ပြု ခွင့်ရခဲ့ပါတယ် ခင်ဗျာ ....." ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ပရိသတ်တွေလည်း မြင့်မြတ် ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ကြည်နူးပီတိ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page
Photo Credit- Myint Myat fb page

သတင်း အရင်းအမြစ်Source - Myint Myat fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T