ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသမီးမှ အလှဆုံးအဖြစ်ပြောင်းလဲခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ လေးစားဖွယ် စိတ်ဓာတ်

//s9.kh1.co/f7/f7dc5021852c9fe69a9c8738749d37ac521f5201.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူတိုင်းက အလှပဆုံးမိန်းကလေးဆိုတာ ကျန်းမာတဲ့အသားအရေ၊ ကောင်းမွန်တဲ့ဆံပင်၊ လှပတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစား တွေဟာ မိန်းကလေးတစ်ယောက်ကို အလှပဆုံးလို့သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် မယ်ရွေးပွဲတွေကျင်းပတဲ့အခါ ဒါတွေကိုပဲကြည့်ပြီး ဆုံးဖြတ်ကြတာလား။ အများစုကတော့ လုပ်နည်းအတိုင်းလုပ်ကြပေမယ့် တချို့နေရာတွေကတော့ တခြားနည်းလမ်းတွေနဲ့ ရွေးချယ်လေ့ရှိပါတယ်။ သို့သော်ခုဖော်ပြသွားမယ့်အမျိုးသမီးက ရုပ်အဆိုးဆုံးအမျိုးသမီးလို့ညသတ်မှတ်လို့ရပေမယ့် အလှပဆုံးသူလို့ သတ်မှတ်ရင်လဲမမှားပါဘူး။

https://s9.kh1.co/__image/w=576,h=486,q=100/95/95258a57c5b3d773f46ef6c8065861a0b529b710.jpg
https://s9.kh1.co/__image/w=650,h=360,q=100/59/59a1be99b00bd52225b6729e3e2a6620eace9c39.jpg

Lizzie Velasquez လို့်ခေါ်တဲ့ အမျိုးသမီးဟာ ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပါတယ်။ ရောဂါလက္ခဏာကတော့ အင်မတန်ရှားပါးလှပြီး သူမရဲ့ခန္ဓာကိုယ်ဟာ အစားစားရင် စားသလောက် အဆီတွေကို မစုဆောင်းနိုင်ပါဘူး။ ရောဂါနာမည်ကတော့ Marfan Sydrome လို့ခေါ်ပါတယ်။ သူမရဲ့ရောဂါကြောင့် သူမရဲ့အပြင်ပန်းသွင်ပြင်ဟာ အင်မတန်ကြည့်ရဆိုးခဲ့ပြီး ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေ ကြုံခဲ့ရပြီး စိတ်ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘေးမှာရှိနေပေးခဲ့တာကတော့ သူမရဲ့မိဘနှစ်ပါးပါ။

https://s9.kh1.co/__image/w=650,h=913,q=100/49/49eac5bb6b9654ede48038f9fe6ea78bbb0dc2a1.jpg
https://s9.kh1.co/__image/w=650,h=386,q=100/0d/0d284f93c925e6a3e41e9ca9ff86432100df784d.jpg

သူမရဲ့မိဘတွေဟာ သူတို့ရဲ့သမီးလေးအပေါ် အချစ်မပျက်ခဲ့ကြပါဘူး။ ဒါ့အပြင် ဘဝကြီးကို လက်ရှိကိုယ်ဖြစ်တည်နေတဲ့အတိုင်း လက်ခံနိုင်ဖို့ သင်ပေးခဲ့ပါတယ်။ Lizzie ဟာ နောက်ပိုင်းမှာ လူကြားထဲကို ရဲရဲဝံ့ဝံ့ထွက်လာခဲ့ပြီး တီဗီအစီအစဉ်တွေ၊ ဟောပြောပွဲတွေမှာပါဝင်ခဲ့ပါတယ်။ သူမကြုံခဲ့ရတာကို မျှဝေပေးပြီး သူမရဲ့စိတ်ဓာတ်ခွန်အားတွေကို ပြက်ရယ်ပြုသူတွေဆီ ပြန်လည်ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိအဆိုးဆုံးအခြေအနေကို ရင်ဆိုင်ကျော်လွှားပြီး ရုပ်အဆိုးဆုံးကနေ အလှပဆုံးအမျိုးသမီးဖြစ်ခဲ့တာကတော့ Lizzie Velasquez ပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/81/819f5a05d19adfa114797ef08b1aa83d26028694.jpg

သတင်း အရင်းအမြစ်Lifetime

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T