သိပ္ပံပညာရှင်တွေတောင် ယနေ့တိုင် အဖြေရှာမရဖြစ်နေတဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းအရာများ (၂)

//s9.kh1.co/69/69307b9fc12ca481196d22146b72a6cfbd66c354.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီး‌ဟာဆိုရင် ဖြေရှင်းမရတဲ့ အရာတွေနဲ့ ပြည့်နှက်နေသလို ဖြစ်တည်မှုတွေနဲ့တည်ရှိမှုတွေအကုန်လုံးကို ယနေ့တိုင် သေချာ မလေ့လာကြရသေးပါဘူး။ လူသားတွေအတွက် အကျိုးပြုစေမယ့် အရာတွေကိုပဲ လေ့လာမှုတွေများနေလို့ ယခုလို အကျိုးမပေးတဲ့အရာတွေအတွက် အသေအချာ မလေ့လာကြတာလို့တော့ ထင်ပါတယ်။ သို့သော်လဲ‌ ပညာရှင်တွေ ယနေ့တိုင် အဖြေထုတ်မရသေးတဲ့ အရာတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/5d/5dc16703b9448e65c04bc43d70f9a65f3b46365b.jpeg

Racetrack Playa, Death Valley, California

သေမင်းတောင်ကြားလို့အမည်ရတဲ့ အမေရိကန် ကယ်လီဖိုးနီးယားက ကန္တာရငယ်တစ်ခုထဲမှာ သိပ္ပံပညာရှင်တွေ အခုထိ မဖော်ထုတ်နိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ရှိနေပါတယ်။ အဲဒါကတော့ မည်သည့် သက်ရှိအကူအညီမှ မပါပဲ မိုင်နဲ့ချီပြီး ရွေ့လျားနေတဲ့ ကျောက်တုံးများပဲဖြစ်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရမှာ အဆိုပါ ကျောက်တုန်းလေးတွေဟာ သေမင်းတောင်ကြားကိုဖြတ်ပြီး ခရီးနှင်နေလေ့ရှိပါတယ်။ သူတို့ရွေ့လျားခဲ့တဲ့လမ်းကြောင်းဟာ လေပြင်းတောင် တိုက်လေ့မရှိအောင် ခြောက်သွေ့တဲ့ သဲကန္တာရမှာ စွပ်ကြောင်းအဖြစ်ရှိနေတတ်လို့ သူတို့တွေရဲ့ လာရာလမ်းကြောင်းနဲ့ ခရီးစဉ် အကွာအဝေးကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ တစ်ချို့ကျောက်တုန်းတွေဟာ တစ်နှစ်ကို ၂-၃ မိုင်အထိ ရွှေ့လျားခရီးနှင်လျက်ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/04/04eccd93a56b85238b90ae6a185b9f272d360093.jpg

Relampago del Catatumbo, Ologa, Venezuela

တောင်အမေရိကတိုက် ၊ဗင်နီဇွဲလား နိုင်ငံမှာတည်ရှိတဲ့ Ologa အရပ်ဒေသဟာ ဆိုရင် လူနေထိုင်လို့ မသင့်တော်တဲ့နေရာဒေသအဖြစ်သတ်မှတ်ထားပါတယ် ။ ဘာလို့လည်းဆိုတေ့ာအဲဒီနေရာဟာ ကမ္ဘာပေါ်မှာ မိုးကြိုးအပစ်အများဆုံးနေရာတစ်ခုဖြစ်နေလို့ပါ။ တစ်နှစ်မှာ အနည်းဆုံးရက် ၂၀၀ လောက် မိုးကြိုးပစ် လျှပ်စီး လျပ်နေလေ့ရှိပြီး တစ်ညကို အနည်းဆုံး အကြိမ်(၂၀) လျှပ်စီးလျှပ် ၊ မိုးကြိုးပစ်လေ့ရှိနေပါတယ်။ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အဲဒီနေရာဒေသရဲ့ အနီးမှာ ကိုလံဘီယာနိုင်ငံမှ မြစ်ဖျားခံပြီး ဗင်နီဇွဲလားနိုင်ငံ Lake Maracaibo ထဲကို စီးဝင်နေတဲ့ Catatumbo River က သိပ်သည်းမှု့၊ စိုထိုင်းမှု့များသော ရေခိုးရေငွေ့တော့ အမြဲသယ်ဆောင်လာလို့ဖြစ်ကြောင်း သိပ္ပံပညာရှင်များကကောက်ချက်ချထားပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/c8/c8baba0ef8d4854636ccb0e2ceed0e314d68000b.jpg
https://s9.kh1.co/__image/w=640,h=426,q=100/7e/7eb2ce7b5bff1ed8166dcc77aac231866ee0e24b.jpg

Old Faithful, Yellowstone National Park

အမေရိကန်နိုင်ငံ Yellow Stone အမျိုးသားပန်းခြံဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၃.၅ သန်းကျော်ကို ပန်းခြံအတွင်းလာရောက်လည်ပတ်လေ့လာ နိုင်ဖို့အတွက် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီပန်းခြံထဲမှာ ဘာတွေများ ထူးထူးခြားခြားရှိသလည်းဆိုတော့ ကျယ်ပြောလှတဲ့ ပန်းခြံဧရိယာထဲမှာ များပြားလှတဲ့ Geyser လို့ခေါ်တဲ့ မြေအောက် ရေပန်းတွေဟာ လျှပ်တပျက်ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ပန်းခြံတစ်လျှောက် ခန့်မှန်းခြေ နေရာ ၃၀၀ ခန့်တွင် မြေအောက်ထဲမှ ရေပူများသည် လျှပ်တပျက် မြေပြင်ပေါ်သို့ ပန်းထွက် လာလေ့ရှိသည်။ အဆိုပါ ရေပူရေပန်းများဟာ ရုတ်တရက် နေရာတခုကနေ ရုတ်ချည်းထွက်ပေါ်လာပြီး ရုတ်တရက်ပျောက်ကွယ်သွားလေ့ရှိသည်။ အဆိုပါနေရာဒေသ၏မြေအောက်ထဲတွင် ချော်ရည်ပူများရှိသော မြေ အလွာတစ်ခုရှိနေပြီး အဆိုပါအလွှာ၏အပေါ်တွင် မြေအောက် မြစ်တစ်စင်း ဖြတ်စီးနေသောကြောင့်ဟာ သိပ္ပံပညာရှင်များက ယျေဘူယျ ကောက်ချက်ချထားကြသည်။

https://s9.kh1.co/__image/w=650,h=366,q=100/81/8160da7a259e59f772f635b0fb60dd1e4f653118.jpg
https://s9.kh1.co/__image/w=650,h=438,q=100/81/81b51ced0e6e521c2a5698acbd26a091482967bf.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T