ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးဖြစ်တဲ့ အဆိုတော်မလေး G ကို အားလုံးသိကြမယ်လို့ထင်မိပါတယ်။ G ဟာ The Voice Myanmar အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာတွေ့ရပါတယ်။
G က လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူမယုံကြည်ရာလမ်းကို အကောင်းဆုံး လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမဟာ ပရဟိတအလုပ်တွေ လုပ်ကိုင်ပေးနေတာနဲ့ အလှူလေးတွေပြုလုပ်ပေးတာကိုလည်း ချစ်တဲ့သူတွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာတော့ G က တစ်ပတ်အတွင်း သူမဝတ်ဆင်တဲ့ ဖက်ရှင်လေးနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ Vlog လေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ G က တစ်နေ့တစ်မျိုးမတူအောင် ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ တစ်ပတ်အတွင်း လုပ်ကိုင်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း G က " G ရဲ့ outfits of the week မှာ ဘယ် look လေးကို အကြိုက်ဆုံးလဲ ပြောခဲ့နော်..." ဆိုပြီး ရေးသားထားပါတယ်။ ကဲ... ပရိသတ်တွေလည်း G က ဗီဒီယိုလေးကို သဘောကျရင် အသည်းလေးတွေပေးခဲ့ဖို့ မမေ့ပါနဲ့ နော်...။
သတင်း အရင်းအမြစ်៖ Video Credit & Source - G Vocals fb page