လူသာသေပေမယ့် သမိုင်းကြောင်းမသေခဲ့တဲ့ မာဖီးယားလောကရဲ့ ဘုရင်တစ်ဦး

//s9.kh1.co/a5/a55ed5676222561bec903a21c11367e94dc725ce.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မာဖီးယားဆိုတဲ့စကားလုံးလေးကိုကြားတာနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဒုစရိုက်မှုတွေများကိုဖန်တီးလုပ်ကိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဆိုတာကိုပြေးမြင်မိမယ်လို့ထင်ပါတယ်။မာဖီးယားဆိုတဲ့ဂိုဏ်းကတော့ နိုင်ငံတော်တော်များများမှာပါ ထင်ရှားကျော်ကြားလှတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲဖြစ်ပါတယ်။ဒါကြောင့်ပရိတ်သတ်တွေအတွက် အမေရိကန်နိုင်ငံမာဖီးယားဂိုဏ်းရဲ့အရေးပါလှတဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။

Photo from google
Photo from google

အမေရိကန်နိုင်ငံရဲ့ မာဖီးယားဂိုဏ်းလို့ပြောလိုက်တာနဲ့ Salvatore Maranzano ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးကိုတော့ မေ့ထားလို့မရပါဘူး။ Salvatore ကတော့ အမေရိကန်နိုင်ငံရဲ့မာဖီးယားဂိုဏ်းကိုစတင်တည်ထောင်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စွမ်းအားအကြီးမားဆုံးရာဇဝတ်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်။ကက်သလစ်ဘုန်းတော်ကြီးဖြစ်ချင်ခဲ့တဲ့ Maranzano ကတော့ အိမ်မက်တွေလမ်းပြောက်ခဲ့ရပြီး နယူးယောက်မှောင်ခိုလောကမှာ နာမည်ကြီးလာတဲ့ ဒုစရိုက်သမားကြီးတစ်ဦးဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။

Photo from google
Photo from google

ဒုစရိုက်မှုတွေနဲ့အသားကျလာတဲ့ Maranzano ကတော့ တစနဲ့တစ စွမ်းအားကြီးမားလာပြီး ရက်စက်မှုတွေများစွာနဲ့ ဒုတိယမြောက် Julius Caesar ဆိုပြီး နာမည်တွင်တဲ့ဒုစရိုက်သမားတစ်ဦးပဲဖြစ်ပါတယ်။ပထမကမ္ဘာစစ်ပြီးချိန်လောက်မှ နယူးယောက်မြို့ကိုရောက်ရှိလာခဲ့တဲ့ Maranzano ကတော့ လောင်းကစားလုပ်ငန်းတွေ ၊အပျော်မယ်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေသာမက အခြားအခြားသောမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အမေရိကန်ကသူဌေးတွေအားလုံးရဲ့ ဘော့စ်တစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Photo from google
Photo from google

Maranzano ကတော့ သူ့ကိုယ်သူ little Caesar လို့အမည်ပေးခဲ့ပြီး နောက်လိုက်တွေဖြစ်တဲ့ Charles “Lucky” Luciano ၊ Bugsy Siegel ၊ Bugsy Siegel တို့နှင့်အတူ ဒုစရိုက်မှုပေါင်းများစွာကိုကျူးလွန်ခဲ့ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုကိုပါ ထူထောင်ဖို့ဆန္ဒပြင်းပြခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။သူရဲ့နယူးယောက်မှောင်ခိုလောကကို သိမ်းပိုက်ဖို့ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာဆိုရင်လည်း အခုချိန်ထိ ပြောစမတ်တွင်နေတဲ့ သမိုင်းတစ်ခုဆိုလဲမမှားပါဘူး။

Photo from google
Photo from google

Maranzano ကတော့ မာဖီးယားဂိုဏ်းကို မိသားစုငါးခုအဖြစ်ခွဲခြားဖွဲ့စည်းခဲ့ပြီး နောက်လိုက်တစ်ဦးဖြစ်တဲ့ Luciano ရဲ့လုုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ Maranzano ကတော့ သူအားကျနှစ်သက်ရတဲ့ Caesar လိုဘဝရဲ့စည်းမျဉ်းတွေကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။လူသာသေပေမယ့် သမိုင်းကြောင်းမသေခဲ့တဲ့ Maranzano အကြောင်းကိုတော့ Boardwalk Empire ဆိုတဲ့ဇတ်လမ်းတွဲလေးထဲမှာလဲလေ့လာကြည်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေသိရှိနိုင်စေဖို့အတွက်လဲဒီသတင်းလေးကိုဝေမျှပေးလိုက်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T