ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ရင်း တတ်နိုင်တဲ့ဘက်ကနေ မွန်မြတ်တဲ့အလှူလေးကိုလည်း ပြုလုပ်ခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/2c/2c944445af99d530e3d4828ea51d75dd9f5b138b.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူ့အချစ်တော် မင်းသားချောလေး ဟိန်းဝေယံ ကတော့ အနုပညာနယ်ပယ်တစ်ခုရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပြီး ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ဟိန်းဝေယံက အနုပညာအလုပ်တွေကို ဆက်လုပ်ကိုင်နေပြီး ပရိသတ်တွေကလည်း အားပေးချစ်ခင်နေတုန်းပဲဖြစ်ပါတယ်။ ယခုမှာတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကို မကြာခဏလှူဒါန်းပေးတဲ့ ဟိန်းဝေယံက ကြည်နူးလေးစားစရာ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

ဒီအလှူလေးကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခုရဲ့ လူထုလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်ပြသနေတဲ့ ပြည်သူ့ပရိသတ်တွေနဲ့အတူ ပါဝင်လှုပ်ရှားရင်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့အတွက် ရေသန့်ဘူးနဲ့ towel များကို လုံလုံလောက်လောက် ဝယ်ယူပြီး ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လူစုလူဝေးရှိတဲ့ နေရာတွေကို လိုက်လံဝေငှပေးပြီး ကြည်နူးစရာကောင်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

ဒီအလှူလေးနဲ့ပတ်သက်ပြီး ဟိန်းဝေယံက " ရေသန့်ဘူးနဲ့ towel ကမ်းဖြစ်ပါတယ်.. ...မြန်မာနိုင်ငံအမြန်ဆုံးငြိမ်းချမ်းသာယာပါစေ.. နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေ....." ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဆုတောင်းမေတ္တာပေးပို့ထားပါသေးတယ်။ ချစ်ပရိသတ်ကြီးလည်း တကယ့်ကို လေးစားအတုယူရလောက်မယ့် မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ခဲ့တဲ့ မင်းသားချောလေး ဟိန်းဝေယံကို ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

သတင်း အရင်းအမြစ်Source - Heinn Wai Yan fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T