နို့ချိုတိုက်ကျွေးနေတဲ့ မိခင်များက ဘယ်လိုအစားစာတွေကို အဓိကစားသုံးပေးသင့်သလဲ.....

//s9.kh1.co/34/34a2915b9c572089aa72a473c1db3f6053b3fdb0.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၂-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မီးဖွားချိန်ကစပြီး ကိုယ့်ရဲ့ ရင်သွေးလေးကို လုံးလောက်တဲ့ နို့ရည်တိုက်ကျွေးဖို့အတွက် အာဟာရရှိတဲ့ အစားအသောက်တွေကို စားသုံးပေးဖို့အဓိကလိုအပ်ပါတယ်။ အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို စာသုံးပေးခြင်းဖြင့် မိမိရဲ့ ခန္ဓာကိုယ်အားကောင်းစေရုံသာမကဘဲ ရင်သွေးငယ်အတွက်ပါ အာနိသင်သက်ရောက်စေပါတယ်။ သို့ပေမဲ့လည်း နို့တိုက်ကျွေးတဲ့ အချိန်ကာလမှာ အစားမမှားဖို့အတွက် မိခင်များ အထူးဂရုစိုက်သင့်ပါတယ်။နို့တိုက်ကျွေးတဲ့မိခင်တွေအနေနဲ့ အဓိကစားသုံးသင့်တဲ့ အစားစာတွေကတော့....

Photo Credit - google. com
Photo Credit - google. com

(၁)မုန်လာဥနီ

မုန်လာဥနီ ဟာ ကာဘိုဟိုက်ဒရိုက် ၊ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K ၊ ဗီတာမင် E ၊ သံဓာတ် ၊ ကယ်လစီယန် ၊ ပရိုတင်း အဆီဓာတ်များ လုံလောက်စွာ ပါဝင်တာကြောင့် နို့တိုက်ကျွေးတဲ့မိခင်တွေအတွက် နို့ရည်ထုတ်လုပ်မှုကိုအကောင်းဆုံး အထောက်အကူပြုမြှင့်တင်ပေးနိုင်ပါတယ်။ မုန်လာဥနီကို ပုံမှန်စားသုံးပေးခြင်းဟာ နို့တိုက်ကျွေးတဲ့ မိခင်တွေအတွက် တကယ့်ကိုအံ့အားသင့်စရာ ကောင်းလောက်အောင် အကျိုးများစေတာကို တွေ့မြင်ရပါတယ်။

Photo Credit - google. com
Photo Credit - google. com

(၂)ဟင်းနုနယ်ရွက်

အစိမ်းရောင် ဟင်းနုနယ်ရွက်ဟာ ဗီတာမင် C ၊ ဗီတာမင် E အပြင် သံဓာတ် နဲ့ ပရိုတင်းကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလအချိန်ထဲကတောင် စားသုံးပေသင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

Photo Credit - google. com
Photo Credit - google. com

(၃) နနွင်းမှုန့်

နနွင်းမှုန့် ကတော့ မြန်မာလူမျိုးတွေအကြိုက်အများဆုံးဖြစ်တဲ့ မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ နနွင်းမှုန့်ကလည်း မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အရမ်းအသုံးဝင်တာကြောင့် မြန်မာ့ရိုးရာတိုင်းရင်းဆေးအဖြစ်ပါ အသုံးပြုနေတာ တွေ့ရပါတယ်။ ဒါ့အပြင် နို့တိုက်ကျွေးတဲ့ မိခင်တွေအနေနဲ့ နို့သီးခေါင်းကွဲအက်ခြင်းကိုလည်း အကောင်းဆုံး ကုစားပေးနိုင်ပါတယ်။

Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com

(၄) ဂျင်းနဲ့ ကြက်သွန်ဖြူ

ဂျင်းနဲ့ကြက်သွန်ဖြူတို့ကလည်း နို့တိုက်ကျွေးတဲ့ မိခင်တွေအတွက် ခန္ဓာကိုယ်အားကို မြှင့်တင်ပေးတဲ့ အသင့်တော်ဆုံး အစားအစာများအဖြစ် မပါမဖြစ်တာကြောင့် ထည့်သွင်းဖော်ပြပေးသင့်တဲ့ အစားစာတွေပဲဖြစ်ပါတယ်။ ကဲ..Myanmarload ပရိသတ်တွေထဲက နို့တိုက်ကျွေးတဲ့မိခင်တွေအနေနဲ့ သိထားသင့်တဲ့ ကျန်းမာရေးသိကောင်းစရာလေးတွေကို ဖတ်ရှု့လို့ရအောင် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - HYA (kyarlay)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T