အသင့်စားခေါက်ဆွဲတွေ အမြဲစားရာကနေ ရရှိလာနိုင်တဲ့ ဆိုးကျိုးများ

//s9.kh1.co/75/7532787fd03e4dc391afe14482769a7a24575027.jpeg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အသင့်စားခေါက်ဆွဲတွေကို ကြိုက်လို့စားတာပဲ ဖြစ်ဖြစ် ငွေကြေးအရ တွက်ခြေကိုက်လို့ စားတာပဲ ဖြစ်ဖြစ် ခနခနမစားသင့်ပါဘူး။

ဝယ်စားရတာ စျေးသက်သာလို့ စားကြတယ်ဆိုပေမယ့်လည်း နေ့စဥ်ရက်ဆက် စားမိတဲ့အခါမှာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေပါတယ်။

Photo from google
Photo from google

အသင့်စားခေါက်ဆွဲကို မကြာခဏစားမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုတွေကို ကျဆင်းစေတဲ့အပြင် အစာကြေချက်မှု လုပ်ငန်းစဥ်တွေကိုပါ အဟန့်အတား ဖြစ်စေပါတယ်။

ဒါ့အပြင် အသင့်စားခေါက်ဆွဲတွေဟာ ကြာရှည်ခံဖို့အတွက် ဓာတုပစ္စည်းတွေများစွာသုံးပြီး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ရေရှည်စားသုံးမိရင် ကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။

Photo from google
Photo from google

နောက်ထပ်ဆိုးရွားတာ တစ်ခုကတော့ အသင့်စားခေါက်ဆွဲတွေဟာ နှလုံးရောဂါကိုပါ ဖြစ်စေတာပါပဲ။အသင့်စားခေါက်ဆွဲတွေဟာ ဓာတုဓာတ်ပစ္စည်းပါဝင်မှုများပြီး ဗီတာမင်ပါဝင်မှုနည်းတဲ့အတွက် ရေရှည်စားသုံးမိရင် နှလုံးရောဂါကိုပါ ဖြစ်လာစေပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေလည်း အသင့်စားခေါက်ဆွဲတွေကို ကြိုက်လို့ပဲစားစား ငွေကြေးအရတွက်ချေကိုက်လို့ပဲစားစား ခနခနနဲ့ ရေရှည်မစားကြဖို့ တိုက်တွန်းလိုက်ပါရစေ.......

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T