လူ့သက်တမ်းထက် နှစ်ရာပေါင်းများစွာ အသက်ရှည်ကြတဲ့ Greenland ငါးမန်း

//s9.kh1.co/f6/f69894849aa2ac91da5f43f201a241dfaf181756.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ထူးဆန်းတဲ့ ငါးမျိုးစိတ်တွေဟာ ကမ္ဘာပေါ်က နေရာအနှံ့အပြားမှာ ကျက်စားနေထိုင်ပြီးလူ့သက်တမ်းထက် နှစ်ရာပေါင်းများစွာ အသက်ရှည်ကြတဲ့ ငါးမျိုးစိတ်တွေလည်းရှိပါတယ်။

၄င်း ငါးတွေကိုတော့ Greenland ငါးမန်းလို့ခေါ်ကြပြီး သူတို့ဟာ ကျောရိုးရှိ သတ္တဝါတွေထဲမှာ သက်တမ်းအရှည်ဆုံးပါပဲ။

Photo from google
Photo from google

ပညာရှင်တွေက ၄င်း ငါးမန်းတွေရဲ့ မျက်လုံး တစ်သျှူးစကို ယူပြီးစမ်းသပ် စစ်ဆေးကြည့်တဲ့အခါမှာဆိုရင်လည်း ဒီငါးမန်းတွေဟာ နှစ်ပေါင်း 400 လောက်ထိ အသက်ရှင်သန်နိုင်တာကို တွေ့ခဲ့ကြပါတယ်။

ဒီငမန်းတွေဟာ အရှည် 24 ပေလောက်ရှိပြီး အများအားဖြင့်တော့ အာတိတ် နှင့် မြောက် အတ္တလန်တိတ် သမုဒ္ဒရာတွေမှာနေထိုင်ကြပါတယ်။

Photo from google
Photo from google

ဒီငမန်းတွေရဲ့ အားနည်းချက်အနေနဲ့ကတော့ သူတို့တွေဟာ အသက်ရှင်သန်နေတဲ့ အချိန်တော်တော်များများကို အမြင်အာရုံဝေဝါးစွာနဲ့ ဖြတ်သန်းနေထိုင်ရပါတယ်။

ဘာ့ကြောင့်လဲဆိုရင် သူတို့ရဲ့မျက်လုံးတွေမှာ ကပ်ပါးကောင်တွေက အမြဲတွယ်ကပ်လျက်ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T