KNU နဲ့ အနုပညာရှင်များ ပူးပေါင်းလိုက်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်ပြောပြလာခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/0e/0eadc2bd5deaab619a67dbdd1440eac47fb71530.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ တစ်နေ့ထပ်တစ်နေ့ လူထုလှုပ်ရှားမှာ ဘက်ပေါင်းစုံက ပြည်သူပြည်သားတွေနဲ့ နိုင်ငံ့ဝန်ထမ်းများ ၊ အနုပညာရှင်များစွာ ပိုမို ပါဝင်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ ယခုလို အနုပညာရှင်တွေက တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ အားမာန်တက်ကြွစွာ လုပ်ဆောင်ရင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လူမှုကွန်ယက်ပေါ်မှာ အနုပညာရှင်များနဲ့ KNU တို့ ပူပေါင်းလိုက်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မင်းမော်ကွန်းကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပရိသတ်တွေကို ယခုလိုပြန်လည်ဖြေရှင်ပြောပြလာခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account

မနေ့က ကျွန်တော်နဲ့ဓါတ်ပုံရိုက်တဲ့အဖွဲ့အစည်းသည် တကယ့်KNU အစစ်ဖြစ်ကြောင်းသိရပါတယ်......ကျွန်တော်တို့နေ့လည်၁၂နာရီဗိုလ်ချုပ်ကို အလေးပြုနေတဲ့အချိန်ရောက်လာကြပါတယ်....ကျွန်တော်က ကိုယ့်ဟာကိုထမင်းစားနေတဲ့အချိန်ဖြစ်လို့ ဘာအဖွဲ့အစည်းမှန်း အတုမှန်းအစစ်မှန်းမသိလိုက်ပါဘူး ဓါတ်ရိုက်ချင်တယ်ဆိုလို့ရိုက်လိုက်ယုံပဲရှိပါတယ်...ဒီထက်ဘာမှမပိုပါဘူး ဒါကိုတစ်ဘက်က အနုပညာရှင်နဲ့ KNUပူးပေါင်းတယ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ပြည်သူနဲ့ရန်တိုက်တာပါ ခုဏကမှ ကျွန်တော်တို့ရဲ့ဦးဆောင်သူကဖုန်းဆက် ရှင်းပြမှ အစစ်မှန်းသိတာပါ.....

Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account

ပူးပေါင်းရအောင်ကလည်း ကျွန်တော်တို့အနုပညာရှင်တွေက လက်နက်ကိုင်အဖွဲ့အစည်းထဲလည်း ဝင်မှာမဟုတ်သလို မည်သည့်အကြမ်းဘက်မှု အနိုင်ကျင့်မှုကိုမှလက်မခံတာပါ။ဒါကြောင့်လည်း လမ်းပေါ်ထွက်နေတာပါတိုင်းပြည်အပေါ်လည်းဘယ်တုန်းကမှ ဘယ်တော့မှသစ္စာမဖေါက်ပါခင်မျာ....ကျွန်တော်ဆက်ချီတက်နေဦးမယ်.....ပြည်သူနဲ့တစ်သားထဲရှိနေပါမယ်.....မနက်ဖြန်ကိုမီဒီယာကတစ်ဆင့်အားလုံးသိအောင်ထပ်ရှင်းပါမယ်....အရေးတော်ပုံအောင်ရမည် " ဆိုပြီး ဖြေရှင်းရေးသားဖော်ပြခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - Kyaw Kyaw Htay Lwin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T