အနာဂါတ်အိမ်မက်တွေ ပျောက်ဆုံးမသွားဖို့အရေး စိုးရိမ်စိတ်တွေပေါ်လွင်နေတဲ့ မျက်နှာလေးနဲ့ သံဗုံးတီးနေတဲ့ ခါရာရဲ့ ဗီဒီယို

//s9.kh1.co/f6/f68da819101753b2c01b54a39b9318e13a79617d.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ်မင်းသားချောလေး ခါရာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခါရာဟာ အရပ်အမောင်းမြင့်မြင့်နဲ့ စမတ်ကျပြီး ချောမောနေတဲ့ မင်းသားတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဆိုရင် မမှားပါဘူး။ လက်ရှိအနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page

ခါရာက လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တိုင်းပြည်အတွက်အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ပေးနေတာကိုလည်းတွေ့မြင်ရပါတယ်။ ​ယနေ့အချိန်ထိ တစ်နေ့ထပ်တစ်နေ့ တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် လုပ်ဆောင်ပေးနေသလို မကြာသေးခင်ရက်ပိုင်းလောက်က CDMမှာပါဝင်ခဲ့ကြတဲ့ သင်္ဃန်းကျွန်းက ပြည်သူ့ဝန်ထမ်းတွေကို အနုပညာမောင်နုမတွေနဲ့အတူ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page
Photo Credit - Khar Ra fb Page

ယခုမှာလည်း ခါရာက ည(၈)နာရီမှာ အချိန်မှန်မှန် မပျက်မကွက်ပဲ တက်တက်ကြွကြွ ခံစားချက်အပြည့်နဲ့ သံဗုံးတီးနေတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒါ့အပြင် သံဗုံးတီးနေရင်း CDMမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကျေးဇူးတင်စကားပြောခဲ့သလို CDMမှာမပါဝင်သေးတဲ့ သူတွေကိုလည်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ နေ့ဘက်မှာသာမက အနာဂါတ်အိမ်မက်တွေ ပျောက်ဆုံးမသွားဖို့အရေး စိုးရိမ်စိတ်တွေပေါ်လွင်နေတဲ့ မျက်နှာလေးနဲ့ ညဘက်မှာပါမပျက်မကွက် သံဗုံးတီးနေတဲ့ ခါရာရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Khar Ra fb Page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T