ပရိသတ်ကြီးအတွက် ဒီတစ်ခါ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးလိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်တုန်းက Cedar Senai ဆိုတဲ့ ဆေးရုံကို လူနာအမျိုးသမီးတစ်ယောက် ရောက်လာခဲ့ပါတယ်။
ဆေးရုံကို လူနာလာတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပေမယ့်လည်း ၄င်းလူနာအမျိုးသမီးကတော့ အတော်လေးကို ထူးဆန်းနေပါတယ်။
၄င်းအမျိုးသမီးဟာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ဆေးရုံက ဝန်ထမ်းတွေကလည်း သူမကို ဆေးရုံလာပြတဲ့ လူနာလို့ထင်ပြီး ကုသပေးဖို့ စီစဉ်ထားကြပါတယ်။
အဲ့ဒီနောက် ဆေးရုံက ဝန်ထမ်းတွေ သတိထားမိလိုက်တာကတော့ သူမရဲ့ မျက်နှာဟာ အတော်လေးကို ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်နှာတည်ကြီး ဖြစ်နေပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် အရုပ်တစ်ရုပ်ကို အဝတ်စား ဝတ်ပေးထားသလားလို့ တောင် ထင်မှတ်ရပြီး အံကိုလည်း တင်းတင်းကြိတ်ထားတာတွေ့ရပါတယ်။ ဒီနောက်မှာတော့ ဆေးရုံဝန်ထမ်းတွေဟာ တင်းတင်းစေ့ထားတဲ့ ဒီအမျိုးသမီးရဲ့ ပါးစပ်ကို ခက်ခက်ခဲခဲ ဆွဲဖွင့်ပြီး ထွက်လာတဲ့ သွေးတွေတွေကို ဆေးကြောသုတ်သင်ပေးခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ တချိန်လုံး အပြုံးအရယ်မဲ့ နေတဲ့ မျက်နှာကြီးဟာ ရုတ်တရက် ရယ်ပြလိုက်တဲ့ အခါမှာတော့ ဆရာဝန်နှစ်ယောက်ဟာ ဆောက်တည်ရာ မရပဲ ထွက်ပြေး သွားကြပါတယ်။ သူ့ရဲ့ သွားတွေဟာ လူသားတွေရဲ့ သွားနဲ့ မတူပဲ ချွန်ထက်ပြီး ရှည်ရှည်မျောမျောပုံစံမျိုး ဖြစ်နေပါတယ်။ ထို့နောက် သူမဟာ ခြေကို တစ်လှမ်းခြင်းလှမ်းပြီး ဆေးရုံ ဝန်ထမ်းများ ရဲ့ မျက်နှာကို စိုက်ကြည့်ကာ ဆေးရုံပြင်ပသို့ တရွေ့ရွေ့ ထွက်ခွာ သွားပါတယ်။ ဒီဖြစ်ပျက်ရပ်ဟာ အမှန်တစ်ကယ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ ဒီထူးဆန်းတဲ့ အမျိုးသမီးဟာ ဘယ်ကလာလဲဆိုတာ ဘယ်သူမှ သေချာရေရာစွာ မသိကြပါဘူး။
သတင်း အရင်းအမြစ်៖ Once A Glance