တစ်ချို့ တစ်ချို့သောသူတွေဟာ အလုပ်မအားတာကြောင့်ပဲ ဖြစ်ဖြစ် အရမ်းပင်ပန်းလွန်းတာကြောင့်ပဲ ဖြစ်ဖြစ် ညစာကိုနောက်ကျမှ စားဖြစ်ကြပါတယ်။
ညစာကိုနောက်ကျမှ စားတာဟာ တကယ်တော့ ကျန်းမာရေးအတွက် လုံးဝကောင်းကျိူးမရှိသလို အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာနိုင်စေပါတယ်။
ဒါ့ကြောင့် ပရိသတ်တွေကို ညစာကို နောက်ကျမှစားရာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
ညစာကိုနောက်ကျမှ စားတာက အစာမကြေတာကို ဖြစ်စေပီး ရင်ပြည့်ရင်ကယ် ဖြစ်စေပါတယ်။
အဓိကအားဖြင့်တော့ ညစာနောက်ကျမှ စားတာဟာ ဗိုက်ပူစေပီး ခန္ဓာကိုယ်အလေးချိန်ကို အမြန်တက်လာစေပါတယ်။
ဝိတ်တက်မှာကြောက်တဲ့သူတွေကတော့ ညစာကို နောက်ကျမှ မစားသင့်ပါဘူး။
ညစာကိုဘယ်အချိန်မှာ စားသုံးသင့်လဲဆိုရင်တော့ ညနေ ၆ နာရီကနေ ၇ နာရီအတွင်းမှာ စားသုံးပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။
အကြောင်းအမျိူးမျိုးကြောင့် ညစာကို နောက်ကျမှ စားသုံးဖြစ်တော့မယ်ဆိုရင်လည်း အပူ အစပ်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေအပြင် အသင့်စား အစားအသောက်တွေကိုလည်း ရှောင်ပေးသင့်ပါတယ်။
ဖြစ်နိုင်ရင်တော့ ညစာကို အတတ်နိုင်ဆုံး နောက်မကျဘဲ စားပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။
သတင်း အရင်းအမြစ်៖ Healthline