ချင်းအမျိုးသားနေ့မှာကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးမှာ တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ခဲ့ရလို့ ဂုဏ်ယူစွာပြောပြလာခဲ့တဲ့ အက်စတာ

//s9.kh1.co/2e/2e44abc49b742e39b907da37d6b24699d3643d9c.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ Myanmar idol အဆိုပြိုင်ပွဲကြီးကနေ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့အတူ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အက်စတာ ကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။

ပြည်သူချစ်တဲ့ အက်စတာ ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝပါဝင်ရပ်တည်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page

ဖေဖော်ဝါရီလ ၂၀ ရက်၊ ချင်းအမျိုးသားနေ့မှာမှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးမှာပဲ တိုက်ဆိုင်စွာနဲ့ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ပါဝင်လုပ်ဆောင်ပေးခဲ့လို့ ဂုဏ်ယူစွာနဲ့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ယခုလိုပဲပြောပြထားရာမှာ "ရှေးဦးစွာ ဒီနှစ်မွေးနေ့အထိလမ်းပြပို့ဆောင်ပေးတဲ့ကိုယ်တော်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် ....ချင်းအမျိုးသားနေ့မှာမွေးတဲ့ကျွန်မအနေနဲ့ ဒီနှစ်တော့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မင်္ဂလာမရှိပေမယ့်

Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page
Photo Credit - Esther DCS fb page

မြန်မာနိုင်ငံမှာနေထိုင်ပြီး ချင်းတိုင်းရင်းသားလူငယ်ကြားထဲမှာ ချင်းလူမျိုးတစ်ယောက်အနေနဲ့သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်တာတော့ တခြားမွေးနေ့တွေထပ်ပိုအဓိပ္ပာယ်ရှိတယ် .....ကိုယ့်သမိုင်းကိုပြန်ကြည့်ရင်လိပ်ပြာလုံတယ် ...ဒီတောင်ကြီး ငါတို့ကျော်ဖြတ်နိုင်မှာပါ Generation မွေးနေ့ဆုတောင်းပေးကြတဲ့ချစ်ရတဲ့မိတ်ဆွေများWhitenubes family နဲ့ ဆရာသမားများ ဆွေမျိုးအားလုံးကိုလည်းဒီကနေကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ(၇၃) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ကျရောက်ခဲ့တဲ့ အက်စတာ ရဲ့ မွေးနေ့လေးကို ဆုတောင်းပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်Source - Esther DCS fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T