နီယိုဘုရင်
နီယိုဘုရင်ဟာ ရောမအင်ပါယာကြီးရဲ့ ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ အတွေးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ ထိုအတွေးကတော့ သူမသေခင် ရောမမြို့ကြီးပျက်စီးသွားတာကို မြင်ချင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ နီယိုဘုရင်ဟာ ရောမ မြို့ကြီးကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ထိုမီးလောင်နေတဲ့ ရောမ မြို့ရဲ့ မြင်ကွင်းကို သူ့ရဲ့ လသာဆောင်ကနေ စောင်းတီးပြီး အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့ပါတယ်။
ဖာရိုဘုရင် (၁)
အီဂျစ်ရဲ့ ဖာရိုဘုရင် (၁)ဟာ ဆီကို အလွန်အမင်း ကြိုက်နှစ်သက်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တစ်နေ့ကို တွဲဖက်စားသုံးဖို့အတွက် စားဆီ (၁၆)ပိသာကို အသုံးပြုသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖာရိုဘုရင် (၁) ဟာ အင်္ဂလန်ဝန်ကြီးချုပ် ၀င်စတန်ချာချီရဲ့ အိမ်ကို သွားလည်တဲ့အခါမှာ သူ့ကြိုက်တဲ့ ဆီဘူးလေးကိုတွေ့တဲ့အတွက် ခိုးလာခဲ့ဖူးပါတယ်။ ဒါကို အင်္ဂလန်ဝန်ကြီးချုပ် ၀င်စတန်ချာချီက သိပေမယ့်လည်း ဘုရင်တစ်ပါးရဲ့ ဂုဏ်သိက္ခာကိုငဲ့ကာ ဘာမှမပြောပဲ ပြုံးရုံပဲပြံုးခဲ့ပါတယ်။
ဇာဘုရင် အိုင်ဗန်(၄)
ရုရှားဇာဘုရင် အိုင်ဗန်(၄)ဟာ သူ့လက်ထက်မှာ စစ်ပွဲတွေမရှိတဲ့ အတွက်ကြောင့် တိုင်းပြည်အတွင်းရှိ ပြည်သူ များကို အုပ်စုနှစ်ခြမ်းဖွဲ့ကာ စစ်တိုက်စေခဲ့ပါတယ်။ ဗဟုသုတအဖြစ် အီဗန် (၄) ဟာ လက်ရှိခေတ်သစ်ရုရှားအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဘုရင်တစ်ပါးလို့လည်း သိရပါတယ်။
တတိယမြောက် ဗီလဒ် ဧကရာဇ်
ဗီလဒ်ဧကရာဇ်ကတော့ အင်ပါယာတစ်ခုကို အောင်နိုင်တဲ့ စစ်ပွဲမှာ ဖမ်းမိတဲ့သုံ့ပန်း စစ်သားတွေကိုဖမ်းခေါ်လာခဲ့ပြီး နန်းတော်ကိုပြန်တဲ့လမ်းတစ်လျှောက်မှာ ဖမ်းမိလာတဲ့ စစ်သားရဲ့သွေးတွေကို ယူပြီးသောက်သုံးခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Google