သင့်အနေနဲ့ တစ်ခါမှ မတွေ့မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း သတ္တဝါလေးများ

//s9.kh1.co/1b/1ba35c6ea8933a7b8ffa448b0acbcace534446e0.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Dumbo Octopus

ဒန်ဘိုလို့အမည်ရတဲ့ အဆိုပါသတ္တဝါလေးတွေဟာ ရေဘဝဲမျိုးစိတ်ဝင်အကောင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကိုတွေ့မြင်ဖို့အလွန်ခဲယဉ်းပြီး အကြောင်းကတော့ ဒန်ဘိုလေးတွေဟာ ပင်လယ်ရေမျက်နှာပြင်ကြမ်းပြင်အောက် ပေပေါင်း ၁၃၀၀၀မှာ နေထိုင်ရှင်သန်နေကြလို့ပဲဖြစ်ပါတယ်။ ပင်လယ်ကြမ်းပြင်ရဲ့အောက်ခြေမှာရှိတဲ့ ခရုအပြင် အခြားသောရေသတ္တဝါသေးလေးတွေကိုလည်း စားသောက်ကြပါတယ်။

Photo Credit:Google
Photo Credit:Google

ThornyDragon

ရုပ်ရှင်ကားတွေထဲမှာတွေ့ခဲ့တဲ့ ဒီအကောင်လေးတွေကို ဒဏ္ဍာရီထဲကအကောင်လေးတွေလို့ ထင်ခဲ့ပေမယ့် လက်တွေ့အပြင်လောကမှာ အမှန်အကန်တည်ရှိနေတယ်ဆိုတာသိခဲ့ရပါတယ်။ အဆိုပါအကောင်လေးတွေဟာ ဩစတေးလျမှာအတွေ့များပြီး ပုတ်သင်ညိုမျိုးနွယ်ဝင်အကောင်လေးတွေလည်း ဖြစ်ပါတယ်။ ထိုအကောင်လေးတွေဟာ အပူချိန်အလိုက် အရောင်ပြောင်းလဲတတ်ပြီး အစားအစာအဖြစ်ပုရွက်ဆိတ်တစ်မျိုးတည်းကိုသာစားသုံးကြပါတယ်။

Photo Credit:Google
Photo Credit:Google

Okapi

အမှတ်မထင်ကြည့်လိုက်ရင် မြင်းကျားလို့ ထင်ရပေမယ့် တကယ်တော့မြင်းကျားမဟုတ်ပါဘူး။ အဆိုပါအကောင်လေးကိုတော့ Okapiလို့ခေါ်ပါတယ်။ မြင်းကျားမျိုးနွယ်ထဲမှာပါဝင်ပြီး မြင်းကျားတွေလိုတစ်ကိုယ်လုံးအစင်းကျားပါရှိခြင်းမဟုတ်ပဲခြေထောက်တွေရယ် နောက်ဘက်တင် အောက်ပိုင်းတွေသာပါရှိခြင်းဖြစ်ပါတယ်။ ၎င်းရဲ့လျှာပာာလည်းမျက်စိအထိလျက်နိုင်စွမ်းရှိအောင် ရှည်ကြပါတယ်။

Photo Credit:Google
Photo Credit:Google

Jaguarundi

ဒီထူးဆန်းတဲ့Jaguarundi ပာာတောင်အမေရိကမှာရှိတဲ့ တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီးခန္ဓာကိုယ်ပာာ ရှည်လမျောပုံစံရှိပြီး မျက်နှာကပြားပြားနဲ့ပါ။ တခြားကြောင်တွေလိုအစင်းကျားအကွက် အရောင်တွေမပါဝင်ပါဘူး။အိမ်မွေးလို့လုံးဝမသင့်တော်ပါဘူး လူကိုအန္တရာယ်ပေးနိုင်တဲ့ ကြောင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

Photo Credit:Google
Photo Credit:Google

India Purple Frog

အိန္ဒိယခရမ်းရောင်ဖားကတော့တခြားဖားနဲ့မတူပါဘူး။ ပြောင်ပြောင်ချောချောနဲ့ မြင်တာတောင်အသည်းယားဖို့ကောင်းပါတယ်။ ၎င်းဖားကိုမြင်တွေ့နိုင်ဖို့အတော်ခဲယဉ်းတာဖြစ်ပြီးပုံထဲကဖားပာာအိန္ဒိယအနောက်ဘက်တောင်ပိုင်းဒေသ Ghatsမှာပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Myworld Press

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T