အရောင်အသွေးစုံလင်တဲ့ လူငယ်တွေနဲ့အတူ သနပ်ခါး Campaign မှာပါဝင်ရင်း စားစရာလေးတွေကို တက်နိုင်သလောက် ဝေငှပေးခဲ့တဲ့ ခါရာ

//s9.kh1.co/d2/d2bab34b149bfc557d1ec9c70907921227d31def.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားချောလေး ခါရာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေယူထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခါရာဟာ အေးဆေးတည်​ငြိမ်တဲ့ အမူအရာလေးတွေအပြင် တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သဘောကျ ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ခါရာကတော့ အနုပညာအလုပ်တွေ အနေဖြင့် ကြော်ငြာတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေရတာဖြစ်ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

လတ်တလောမှာဆိုရင် ခါရာက အမှန်တရားကိုလိုလားတဲ့ ပြည်သူပြည်သားတွေနဲ့ အတူ အပြည့်အဝရပ်တည်ပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။ နေ့အစဥ်အမျှဆိုသလို လမ်းမပေါ်ထွက်ပြီး တက်နိုင်တဲ့ဘက်နေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း ချစ်တဲ့ပရိသတ်တွေကိုပြန်လည်ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ခါရာက ဖေဖော်ဝါရီလ (၂၅) ရက်နေ့က သနပ်ခါးCampaignမှာ အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ထပ်မံတင်ပေးလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/1f/1f637f7c6f7d98f32c594c323eeb8343646d2390.jpg
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

ဒီပုံလေးတွေထဲမှာတော့ ခါရာဟာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း စားသောက်စရာလေးတွေလည်း လှူဒါန်းပေးတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ခါရာက "မြေနီကုန်းတစ်ဝိုက်က အရောင်အသွေးစုံလူငယ်တွေ၊ နိုင်ငံ့မျိုးဆက်သစ်တွေနဲ့အတူပါဝင်ခဲ့တဲ့ သနပ်ခါးတိုက်ပွဲ ..ဒီမိုကရေစီကိုတန်ဖိုးထားတဲ့ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေ ညီလည်း ညီတယ်..... ပီလည်း ပီပီပြင်ပြင်ကိုလုပ်ပြခဲ့ပါပြီ" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ သနပ်ခါး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ခါရာရဲ့  အမှတ်တရပုံံလေးတွေကို ပြန်လည်ကူးယူပြီး ဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Khar Ra fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T