အမှန်တရားဘက်ကနေရပ်တည်ပေးနေတဲ့ပြည်သူတွေရဲ့ဆာလောင်မှုတွေပြေပျောက်စေရန်စားစရာများလှူဒါန်းပေးခဲ့တဲ့ ယွန်းမြတ်သူတို့အဖွဲ့

//s9.kh1.co/0a/0a4198a88a1fb41dac1e7aefa32eda96012e7324.jpeg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး  ယွန်းမြတ်သူကတော့  အသံအေးအေးလေးနဲ့  သီချင်းလေးတွေကို သီဆိုတတ်သူတစ်ဦးလည်း  ဖြစ်ပါတယ်။  သူမရဲ့သီချင်းတိုင်းဟာလည်း  ပရိသတ်တွေတိုင်းက  အထူးနှစ်ခြိုက်အားပေးနားဆင်နေကြတာလည်း  ဖြစ်ပါတယ်။  ယွန်းမြတ်သူဟာ စိတ်သဘောထားကောင်းပြီးလူတိုင်းအပေါ်မှာလည်းကူညီချင်စိတ်ရှိတာကြောင့်  အားလုံးက ချစ်ခင်နေကြတာလည်း  ဖြစ်ပါတယ်။  သူမဟာ  လတ်တလော  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  ရပ်တည်နေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Myanmarload TV’s Facebook Page 

မနေ့ကလည်း  မြန်မာပလာဇာရှေ့တွင်  အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့  ပြည်သူတွေအတွက်  ထမင်းဘူး၊ရေခဲချောင်းနဲ့ ဒိုးနတ်တွေ လှူဒါန်းပေးခဲ့တာလည်း  ဖြစ်ပါတယ်။  Myanmarload TV ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ယွန်းမြတ်သူတို့အဖွဲ့ရဲ့ လှူဒါန်းပုံတွေကိုလည်း  ဝေမျှပေးထားတာလည်း  ဖြစ်ပါတယ်။  " မြန်မာပလာဇာရှေ့မှာ ငြိမ်းချမ်းစွာနဲ့အထိုင်ဆန္ဒထုတ်ဖော် နေကြတဲ့ ပြည်သူတွေကို အဆိုတော်ယွန်းမြတ်သူတို့အနုပညာ သူငယ်ချင်းတွေ စုပေါင်းပြီး ထမင်းဘူး(၁၀၀၀)ဘူး၊ ရေခဲချောင်း(၁၀၀၀)ချောင်း၊ နဲ့ ဒိုးနတ် (၂၀၀၀)ခုတို့ကို ပြည်သူတွေအတွက် ပါဝင်အားဖြည့်လှူဒါန်းခဲ့တာတွေ့ရပါတယ်။

Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 

" ယွန်းတို့ ဒီနေ့အလှူမှာ ကိုဗြတ္တတို့ ယေးယေးတို့အပါအဝင် ယွန်းရဲ့သူငယ်ချင်း တစ်ခြားအနုပညာရှင်တွေအားလုံးစုပေါင်းအလှူငွေစိုက်ထည့်ပြီးတော့ ဒီနေ့လာလှူဖြစ်တာပါ။ အလှူလည်းလုပ်ရင်း ဒီကပြည်သူတွေအားလုံးနဲ့အတူငြိမ်းချမ်းစွာနဲ့ အထိုင်ဆန္ဒထုတ်ဖော်ရင်း၊ ပြည်သူတွေအတွက် ခွန်အားဖြည့်သီချင်းတွေကိုလည်းအတူသီဆိုသွားမှာပါ၊ ယွန်းတို့က ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ ပြည်သူအားလုံး အခုအချိန်ခံစားနေရတဲ့ ခံစားချက်နဲ့ကတစ်ထပ်တည်းအတူတူပါပဲ။ အားလုံးအတူ ဒီမတရားမှုကြီးကို တွန်းလှန်သွားမှာပါ။ အားလုံးလည်း အားတင်းထားကြပါ" လို့ အဆိုတော်ယွန်းမြတ်သူက ပြောကြားခဲ့ပါတယ်။ 

#ငြိမ်းချမ်ပါစေ_မြန်မာပြည်

#ပြည်သူ့အသံ

#Myanmarload  #MyanmarloadTV “ ဆိုပြီး သူမကို အင်တာဗျူးထားတဲ့ စာလေးတွေကိုပါ  တင်ထားတာဖြစ်တဲ့အတွက်  ပရိသတ်တွေအတွက် ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။  အားလုံးရဲ့ ကြိုးစားမှုတွေကြောင့်  မကြာခင်မှာ  အရေးတော်ပုံကြီး အောင်မြင်တော့မှာဖြစ်တဲ့အတွက်   လူထုလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်  ပေးကြပါဦးနော်။ 

Source and Photo Crd-Myanmarload TV’s Facebook Page 

Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T