လူစုလူဝေးချီတက်ရာဖြစ်တဲ့ မြေနီကုန်း၊လှည်းတန်း၊ဆူးလေ စတဲ့နေရာတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး ဆေးဝါးစောင့်ရှောက်မှုပေးကြတဲ့ ဝေဠုကျော်တို့အဖွဲ့

//s9.kh1.co/03/03f5d64f6c11f5f612fb0943cb5dec6e4ad5753a.jpeg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လူစုလူဝေးချီတက်ရာဖြစ်တဲ့ မြေနီကုန်း၊လှည်းတန်း၊ဆူးလေ စတဲ့နေရာတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး ဆေးဝါးစောင့်ရှောက်မှုပေးကြတဲ့ ဝေဠုကျော်တို့အဖွဲ့

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုခေတ်ကတည်းကနာမည်ကြီးခဲ့တဲ့ ဝေဠုကျော်ဟာဆိုရင် အခုချိန်မှာတော့ပရဟိတအလုပ်တွေကို အချိန်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းကလည်းတည်ထောင်စကတည်းကနေ အခုချိန်ထိ လူပေါင်းများစွာကို ကူညီစောင့်ရှောက်လာခဲ့ကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ ပရဟိတအဖွဲ့ကတော့ နေရာပေါင်းစုံကိုသွားရောက်ပြီး လိုအပ်သမျှကို တတ်နိုင်သလောက် ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေကို ပရိသတ်တွေကလည်း လေးစားကြပြီးအမြဲအားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 

ဝေဠုကျော်ဖော်ဒေးရှင်းက ကိုဗစ်စဖြစ်ချိန်မှာလည်း လူတန်းစားမရွေးကို တပြေးညီစောင့်ရှောက်ပေးပြီး ကူညီခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် အားကြိုးမာန်တက်လှုပ်ရှားနေကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်ကိုယ်တိုင်ကလည်း အဖွဲ့သားတွေကို ရှေးဦးသူနာပြုစုနည်းတွေကို သေချာသင်ကြားပေးထားတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ဝေဠုကျော်တို့က ပြည်သူလူထုရဲ့ကျန်းမာရေးကို တစ်ပိုင်တစ်နိုင်လေးစောင့်ရှောက်ပေးနေကြတာပါနော်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 

လတ်တလောမှာဆိုရင် ဝေဠုကျော်တို့က ဆေးပစ္စည်းအစုံအလင်ကို Ambulanceကားပေါ်ကိုတင်ပြီး ပြည်သူလူထုချီတက်ရာ နေရာအနှံ့အပြားကို လူစုခွဲပြီးသွားကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၆)ရက်၊မနေ့ကဆိုရင်တော့ ဝေဠုကျော်တို့က လူစုလူဝေးချီတက်ရာဖြစ်တဲ့ မြေနီကုန်း၊လှည်းတန်း၊ဆူးလေ  စတဲ့နေရာတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး(Medical Cover) ဆေးဝါးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့ပရဟိတအဖွဲ့သားတွေကလည်း လူသားချင်းစာနာထောက်ထားပြီး အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်လို့ သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T