ခွေးလေးတွေက ချစ်ဖို့ကောင်းပြီး သစ္စာရှိကြလို့ အခုဖြစ်ပျက်နေတဲ့အရာတွေနဲ့ မနှိုင်းပါနဲ့လို့ပြောလာတဲ့ အဆိုတော် ပိုပို

//s9.kh1.co/b8/b8be7b2c8650b3cd289603d4a12b66d4354a5415.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ အချစ်သီချင်းလေးတွေကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များခဲ့တဲ့ သူမက မကြာသေးတဲ့ အချိန်ကလည်း သီချင်းအသစ်လေးတွေ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော်မလေး ပိုပိုက ဂီတနဲ့ ပတ်သတ်တဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားပါသေးတယ်။

Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE

ပိုပိုက စိတ်ထားဖြူစင်ပြီး လူအများအပေါ်ပွင့်လင်းဖော်ရွေတာဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားကျအချစ်ပိုကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ပွင့်လင်းဖော်ရွေတဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာပါနော်။ ပိုပိုက မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE

ဒါကတော့ နိုင်ငံအတွက် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုပြုလုပ်နေခဲ့တာဖြစ်ပြီး ချစ်စရာခွေးလေးတွေကိုလည်း ပွေ့ပိုက်ကာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ အသည်းယားစရာပုံလေးတွေအပြင် " ဟိုလူကြီးတွေ ကို ခွေးခွေးခွေး နဲ့ မနှိုင်းကြပါနဲ့ ခွေးလေးလောက် ချစ်ဖို့ ကောင်းပြီး သစ္စာရှိတာ ခွေးပဲ ?? " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း အဆိုတော်ပိုပိုရဲ့ ပုံလေးတွေကို ကြည့်ရှု့အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE
Photo credit - ပိုပို's FB PAGE

သတင်း အရင်းအမြစ်Source - ပိုပို's FB PAGE

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T