အဖက်ဖက်က အခက်အခဲဖြစ်နေတဲ့အချိန်လေးမှာ လိုအပ်နေတဲ့မိသားစုတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့တဲ့လှူဒါန်းမှုကို ထပ်မံပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

//s9.kh1.co/ba/baa6db9d9cf1c9adf744e9453d943516105066f8.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ လေးစားအားကျပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူကတော့ ဝါရင့်မင်းသားကြီး ခန့်စည်သူပဲဖြစ်ပါတယ်။ ခန့်စည်သူဟာ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေတဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတစ်ပါးကို အမြဲကူညီပေးတတ်ပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။

Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account

ခန့်စည်သူရဲ့ အလှူလေးတွေကလည်း  တခြားအလှူရှင်တွေနဲ့ စုပေါင်းကာ ဘယ်နေရာဒေသမဆို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးကာ မှတ်တမ်းတင် ပုံရိပ်လေးတွေကို ပရိသတ်တွေထပ်တူထပ်မျှ ကြည်နူးပီတိဖြစ်ရအောင် အမြဲဖော်ပြပေးပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ခန့်စည်သူက ပရိသတ်တွေကြည်နူးပီတိဖြစ်စေမယ့် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account

ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ခန့်စည်သူက ပြောပြထားရာမှာလည်း " သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၁၆)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆) ပြည်၊ဆီတစ်ဗူး၊ငွေကျပ် (၃၀၀၀)စီနှင့်ထမင်းကြော်ဘူး (၄၀၀) ကို လှူဒါန်းခဲ့ပါတယ်....ခက်ခဲရှားပါးနေတဲ့ ကြားထဲက ပါဝင်လှူဒါန်းပေးကြသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....Sumyat Myat Grace Htwe အလှူရှင်များ ကျန်းမာ၊ချမ်းသာကြပါစေ"ဆိုပြီးရေးသားထားပါသေးတယ်။ ကဲ....ပရိသတ်ကြီးရေ အဖက်ဖက်က အဆင်မပြေတဲ့အချိန်လေးမှာ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ခန့်စည်သူကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account
Photo Credit - Kyaw Soe Win fb account

သတင်း အရင်းအမြစ်Source - Kyaw Soe Win fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T