ကိုယ်တိုင်အပင်ပန်းခံလုပ်ထားတဲ့ ငါးထမင်းနယ်နဲ့ကြာဇံကြော် အယောက်၂၀၀ စာကို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူလူထုအားလိုက်ဝေငှခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/aa/aa4dbff9621d2411b14245f2101a403594b2e7b7.jpeg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

နားထောင်လိုက်တာနဲ့ ရင်ထဲကျန်နေရလောက်အောင် အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ရေဗက္ကာဝင်းရဲ့ သီချင်းအသစ်လေးတွေပါမက သီချင်းဟောင်းလေးတွေဟာဆိုရင်လည်း အခုချိန်ထိ ရေပန်းစားနေဆဲဖြစ်ပြီး ဘယ်တော့မှမရိုးသွားလို့ ပရိသတ်တွေကကြိုက်နှစ်သက်နေကြတာပါ ။

 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account

ရေဗက္ကာဝင်းကတော့ ခုလတ်တလောမှာဆိုရင် တိုင်းပြည်ရဲ့အနာဂတ်လှပအောင် အမှန်တရားကိုလိုလားတဲ့ ပြည်သူပြည်သားတွေနဲ့အတူ တစ်သားထဲပါဝင်ကာ အပြည့်အဝရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင်အခြားအနုပညာရှင်များကလည်းနေ့တိုင်းလိုလို ပြည်သူလူထုတွေနဲ့အတူ တက်တက်ကြွကြွပါဝင်ကာ သူတို့တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးနေတာလည်းဖြစ်ပါတယ် ။

 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account

တစ်နေ့ထက်တစ်နေ့အရှိန်အဟုန်ကောင်းလာတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာ နိုင်ငံတကာရဲ့စိတ်ဝင်းစားခြင်းခံနေရတာလည်းဖြစ်ပါတယ်။အခုလည်း နေ့စဉ်တိုင်းလိုလို မမောမပန်းနိုင်အောင်လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူလူထုကို ရေဗက္ကာဝင်းက ကိုယ်တိုင်သေသေချာချာလုပ်ထားတဲ့ ငါးထမင်းနဲနဲ့ ကြာဇံကြော် အယောက် (၂၀၀) စာကို လိုက်ဝေငှခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ပရိသတ်ကြီးလည်း တတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်ပေးနေတဲ့ ရေဗက္ကာဝင်းရဲ့ စိတ်ဓာတ်လေးကို ဂုဏ်ပြုပေးလိုက်ပါအူးနော်။

 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account
 Photo Credit : Rebecca Win Facebook Account

Source & Photo Credit : Rebecca Win Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T