လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး ဒီနေ့ဆိုရင် ၂၇ရက်မြောက်နေ့ကိုရောက်ရှိလာနေပြီဖြစ်ပါတယ်နော်....။
တက်ကြွစွာပါ၀င်နေကြတဲ့ ပြည်သူလုထုတွေထဲမှာဆိုရင် အနုပညာရှင်အတော်များများလည်းပါ၀င်နေတာဖြစ်ပြီး Mrtv-4ရဲ့မင်းသမီးလေး ပိုးကြာဖြူခင်လည်း နေ့စဉ်ရက်ဆက်ပါ၀င်အားဖြည့်နေတာကိုတွေ့ရပါတယ်။ ပိုးကြာဖြူခင်ဟာ လှုပ်ရှားမှုတွေစတင်ခဲ့တဲ့ရက်ပိုင်းအတွင်းတည်းကစကာ တက်ကြွစွာပါ၀င်နေတာဖြစ်ပြီး လူထုအတွက်လည်း အစားအသောက်တွေကို မကြာခဏလှူဒါန်းပေးနေတာလည်းတွေ့ရပါတယ်။
အခုဆိုရင်လည်း ပိုးကြာဖြူခင်ဟာပုဇွန်တောင်ရေကျော်မှာ အထိုင်သပိတ်ပြုလုပ်ကြမယ့်ပြည်သူတွေအတွက် ကြာဇံကြော်နဲ့ အအေးဘူးများလှူဒါန်းဖို့အတွက် ကိုယ်တိုင်ပါ၀င်လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း Liveဗီဒီယိုတင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Poe Kyar Phyu Khin's Facebook acc