လူထုလှုပ်ရှားမှုမှာ လမ်းပေါ်ထွက်နေတဲ့ လူတိုင်းကို အရမ်းစိတ်ပူလို့ အိမ်ပြန်ပြီး မနက်ဖြန်အတွက်အားမွေးကြပါလို့ ပြောလာတဲ့ ညိမ်းသော်

//s9.kh1.co/3c/3c62f600b0e42723129d8224599071fbb09d3824.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကဲ.....ပရိသတ်ကြီးတို့ရေ ဒီတစ်ခေါက်မှာတော့ မြင်သူတိုင်းရင်အေးစေတဲ့ အပြုံးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ ညိမ်းသော်ပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းလို ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်အရည်အချင်းတွေနဲ့ ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားကာ ယခုအချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ညိမ်းသော် တစ်ယောက်ဟာ လက်တလောမှာလည်း အနုပညာ အလုပ်တွေကို ရပ်နားထားတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account

လက်ရှိ ဖြစ်ပွားနေတဲ့ လူထု လှုပ်ရှားမှုမှာ ညိမ်းသော်ဟာ နေ့စဥ်ရက်စက် လမ်းမထက်မှာ လှုပ်ရှားမှုတွေ လုပ်နေပြီး ပြည်သူ့ဘက်ကနေ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။ တက်နိုင်တဲ့ ဘက်ကနေလည်း အလှူဒါန လေးတွေ လုပ်နေပြီး လှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်ပေးနေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ လူတွေကို စိုးရိမ်ပြီး စိတ်ပူနေရတဲ့ အကြောင်းပြောလာကာ မနက်ဖြန်အတွက် အားမွေးခိုင်းပြီး အားမလျော့ဖို့ အားပေးစကားပြောလာတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account

ညိမ်းသော်ဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"ဒီနေ့တော့ အားလုံးအိမ်ပြန်ကြပါနော် အရမ်းစိတ်ပူလွန်းလို့ပါဗျာ ဘယ်သူ့ကိုမှ အပါမခံနိုင်ပါဘူးနော် အထိအခိုက်လည်းမခံနိုင်ပါဘူး မနက်ဖြန်အတွက်အားမွေးကြပါ အားမလျော့စတမ်း

အရေးတော်ပုံအောင်ရမည် ......" ဆိုပြီး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ညိမ်းသော် ကတော့ လမ်းမထက် ထွက်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေသူ ဘယ်သူ့ ဘယ်သူကိုမှ အပါမခံနိုင်ကြောင်း ပြောလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account
Photo Crd - Nyein Thaw's FB account

သတင်း အရင်းအမြစ်Nyein Thaw's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T