လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမိအရရိုက်ကူးနေကြတဲ့ သတင်းမီဒီယာသမားတွေအန္တရယ်ကင်းဖို့ဆုတောင်းပေးနေတဲ့ နန်းဆုရတီစိုး

//s9.kh1.co/73/733545ced6f7f4ddcae9ff80665f9c0c70b0cbb2.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ဒီနေ့မှာ (၂၇)ရက်မြောက်နေ့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်နော်.....။ ဖေဖော်ဝါရီလ ၁ရက်နေ့တည်းကစတင်ကာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြသလို အနုပညာရှင်တွေကလည်း ပြည်သူတစ်‌ရပ်အနေနဲ့ ပါ၀င်အားဖြည့်နေကြတာကို တွေ့ရပါတယ်။

Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc

အခုလိုပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်ကာ ပါ၀င်နေတဲ့အနုပညာရှင်တွေထဲမှာဆိုရင် နန်းဆုရတီစိုးလည်းအပါအ၀င်ဖြစ်ပါတယ်။ နန်းဆုဟာ တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှု‌တွေမှာကိုယ်တိုင်ကိုယ်ကျပါ၀င်နေကာ လှူဒါန်းမှုတွေကိုလည်းဆက်တိုက်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်.....။

Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc

မြန်မာနိုင်ငံ့အနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုကြီးရဲ့ အခြေအနေအရပ်ရပ်ကိုမှတ်တမ်းတင်နေကြတဲ့ သတင်းမီဒီယာများစွာရှိတာကိုလည်း ပရိသတ်တွေအနေနဲ့တွေ့မြင်ကြမယ်ထင်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေကြားကနေ သတင်းရယူပေးနေတဲ့ မီဒီယာသမားတွေအတွက် နန်းဆုဟာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဆုတောင်းပေးနေတာလည်းဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း "သတင်းမီဒီယာဆရာ ဆရာမများ အန္တရယ်ဘေးကင်းပါစေရှင်...." ဆိုပြီးတင်ပေးထားခဲ့တာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc
Photo credit-​ Nansu Yati Soe's Facebook acc

သတင်း အရင်းအမြစ်Nansu Yati Soe's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T