အမေစုအတွက်ရည်ရွယ်ကာရေးထားတဲ့သံမဏိလိပ်ပြာသီချင်းလေးကိုလမ်းမထက်မှာ အားမာန်အပြည့်နဲ့သီဆိုနေတဲ့ G Fatt ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/f3/f39ca10ee5184b856db42e887840a8041df66e17.jpeg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် G Fatt ကတော့  လူငယ်ကြိုက်သီချင်းလေးတွေကို  ကိုယ်တိုင်ရေးသားသီဆိုရင်း  ပရိသတ်တွေရဲ့  အားပေးမှုတွေကို  တစ်ခဲနက် ရရှိထားသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  သူဟာ လတ်တလောအခြေအနေတွေမှာ  ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ  လူထုလှုပ်ရှားမှုတွေမှာလည်း  ပါဝင်နေတာလည်း  ဖြစ်ပါတယ်။  နေ့ဘက်တွင်  လှုပ်ရှားမှုတွင်  ပါဝင်နေရုံတင်မကဘဲ  ညပိုင်းတွေမှာပါ   လမ်းထဲသို့  လူစိမ်းတွေ  မဝင်ရောက်စေရန်နှင့် ရပ်ကွက်နေပြည်သူလူထုတွေ  လုံခြုံရေးအတွက်  ကင်းစောင့်ပေးနေတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

တစ်ရက်ပြီး  တစ်ရက်မမောနိုင် မပန်းနိုင်လှုပ်ရှားနေတဲ့ G Fatt ရဲ့လုပ်ဆောင်မှုတွေကိုလည်း  ပရိသတ်များကပါ  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ရင်ထဲကဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသနေတဲ့  ပြည်သူတွေအတွက်လည်း ခွန်အားဖြည့်သီချင်းလေးတွေ  သီဆိုကာ တစ်တပ်တစ်အား  ပါဝင်  အားဖြည့်ပေးနေတာလည်း  ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်လည်း  လှုပ်ရှားမှုလေးတွေကို  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  G Fatt ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  အမေစုအတွက်ရည်ရွယ်ကာရေးထားတဲ့သီချင်းလေးကိုလမ်းမထက်မှာ အားမာန်အပြည့်နဲ့သီဆိုခဲ့တဲ့ G Fatt ရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။   G Fatt ဟာ အဆိုတော်  လင်းလင်းရဲ့ သံမဏိလိပ်ပြာသီချင်းလေးကို ပြန်လည်သီဆိုထားတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပြီး  လူထုလှုပ်ရှားမှုမှာပါဝင်ကြမယ့်ပြည်သူတွေလည်း  အထူးဂရုစိုက်ကြပါလို့လည်း  မှာလိုက်ပါရစေနော်။

Source and Photo Crd-G Fatt’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T