အသက် ၄၃ နှစ်ပြည့် မွေးနေ့လေးမှာ လမ်းမပေါ်က ပြည်သူတွေအတွက် လိုအပ်တဲ့အရာလေးတွေကို တက်နိုင်တဲ့ဘက်နေ အလှူလေးပြုလုပ်ခဲ့တဲ့ ထူးအယ်လင်း

//s9.kh1.co/be/bea8eacdaca9b1923a3ac9615b9005cd5116ed10.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ ထူးအယ်လင်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထူးအယ်လင်းဟာ လက်ရှိမှာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေသလို လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ ပရဟိတလေးကတော့ တခြားအလှူရှင်တွေကိုယ်စား ကာယဒါနအဖြစ် အခက်အခဲဖြစ်နေတဲ့ သူတွေအပြင် ဘုရားစေတီတော်တွေနဲ့ မိဘမဲ့ကျောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

လတ်တလောမှာဆိုရင်လည်း ထူးအယ်လင်းက လူထုလှုပ်ရှားမှုတွေမှာ ရဲဝံ့စွာပါဝင်ခဲ့ကြတဲ့ ပြည်သူပြည်သားတွေအတွက် စားသောက်စရာလေးတွေ လှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ ထူးအယ်လင်းရဲ့အသက် (၄၃)နှစ်ပြည့် မွေးနေ့လေး ကျရောက်ခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့လေးမှာတော့ လမ်းမပေါ်က ပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်နေ လိုအပ်တဲ့ အရာလေးတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း ....

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

"၂၈.၂.၂၀၂၁ မှာအသက် (၄၃) နှစ်ပြည့် ကျွန်တော့်မွေးနေ့အလှုကို ထီးရိုးအရှည် အလက်တစ်ရာ(ဆန္ဒပြသူတွေအကာအကွယ်ဖြစ်စေဖို့)နှင့် မီးခိုးဗုံးကာကွယ်နိုင်ပြီး ဗိုင်းရပ်စ်ပိုးပါကာကွယ်နိုင်တဲ့ Mask နှစ်လုံးကို မြေပြင်မှာ တကယ်ကာကွယ်စောင့်ရှောက်ကုသပေးနေတဲ့ ..ရွှေကြာ လူမှုကူညီရေးအသင်း - Mask တစ်လုံး၊ PPE Level 3 အထည် (၄၀) ဒါနစုဗူး(ချစ်ဖြိုးကို) လူမှုကယ်ဆယ်ရေးအသင်း- Mask တစ်လုံး ၊ PPE Level 3 အထည် (၆၀) လက်ဆောင်ပေးဝေခဲ့ရလို့ ကျေနပ်မိပါတယ်.... စောလျင်မြန်စွာ သာယာအေးချမ်းကြပါစေ မြန်မာပြည် ကျွန်တော့်ကို မွေးနေ့ ဆုမွန်ကောင်းပြုပေးကြတဲ့ အသိမိတ်ဆွေ တစ်ယောက်စီတိုင်းကိုလည်း ကျေးဇူးပါဗျ" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးလည်း မွေးနေ့လေးမှာ ပြည်သူတွေအတွက် တကယ့်ကို မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ခဲ့တဲ့ ထူးအယ်လင်းကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

သတင်း အရင်းအမြစ်Source - Htoo El Lynn fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T