လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ထိန်းသိမ်းခံရတဲ့ ကျောင်းသူကျောင်းသားတွေကို အ​မြန်ဆုံးလွတ်မြောက်အောင် ဝန်းရံပေးကြဖို့ တောင်းဆိုလာခဲ့တဲ့ ပိုးမမှီသာ

//s9.kh1.co/a8/a8acb4b233dcbe3ad86ab0049bb3b38bfdd0b41d.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ဆရာဝန်မလေးဖြစ်တဲ့ ပိုးမမှီသာ ကတော့ လတ်တလောမှာ ပြည်သူပြည်သားတွေနဲ့အတူ တစ်သားတည်း အပြည့်အဝရပ်တည်ပေးခဲ့ပြီး တက်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့သလို တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ယခုမှာဆိုရင် ပိုးမမှီသာ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ထိန်းသိမ်းခံရတဲ့ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံးလွတ်မြောက်အောင် ဝန်းရံပေးကြဖို့ တောင်းဆိုလာခဲ့ပါတယ်။

Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc

"ဆေးကျောင်းသား ၊ ဆရာဝန်တွေ လွတ်လာပြီဆိုပေမယ့်...UFL ကျောင်းသားတွေ အင်ဂျင်နီယာကျောင်းသားတွေ ဆရာ/ဆရာမတွေ ခုထိမလွတ်သေးဘူးကြားပါတယ် ..မကွေးက မကွေးဆေးကျောင်းသားတွေရော ဝိုင်းပြီးဝန်းရံပေးကြပါဦး အားလုံး တစ်သားတည်းပါ .....ဆေးကျောင်းသားများနည်းတူ အဖမ်းဆီးခံရသူများကို ချွင်းချက်မရှိလွှတ်ပေးပါ.... ကျောင်းသားတိုင်း ဒီအရေးတော်ပုံမှာပါဝင်တဲ့ သူတိုင်း တန်ဖိုးရှိပါတယ် ....ကျောင်းသားတွေ ဖမ်းဆီးခံရသူတွေ ရှေ့မှာ ဆရာကြီးတွေ မရပ်ပေးနိုင်တဲ့အခါ ကိုယ်ကျောင်းသားအချင်းချင်း ပြည်သူအချင်းချင်းက ဖိအားပေးပြီးရပ်တည်ပေးကြရမှာပါ .....

Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc
Photo Credit - Poe Mamhe Thar fb Acc

လွတ်လာပုံလေးအကူအညီရလိုရငြားပါ .....ဆေးကျောင်းကတော့ နီးစပ်ရာတွေကနေ ဖမ်းဆီးခံရသူစာရင်းကို ကျောင်းသမဂ္ဂက သေချာအတိအကျစုပါတယ် ......အချုပ်ကားနောက်က မျက်ချေမပျက်လိုက်တဲ့သူလိုက်ရင်း ဘယ်ပါသွားမလဲ ထောက်လှမ်းပါတယ် .....နေရာသိရပြီဆိုတဲ့အခါ ရှေ့နေတွေရယ် ကျောင်းနဲ့သက်ဆိုင်ရာဆရာကြီး ဆရာမကြီးတွေရယ်က လိုက်လာပြီးရအောင်ကြိုးစားပါတယ် ...သိတဲ့နေရာကိုအကုန်ဝန်းရံရင်း အားလုံးကလည်း pressure ဝိုင်းပေးရင်းနဲ့ လွတ်လာတာပါ " ဆိုပြီး ရေးသားပါတယ်။ ကဲ...ပရိသတ်ကြီးလည်း ထိန်းသိမ်းခံရတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက် အပြည့်အဝ ရပ်တည်ပေးလိုက်ပါဦး။

သတင်း အရင်းအမြစ်Source - Poe Mamhe Thar fb Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T