တစ်မြို့လုံးအနှံ့ တဲအိမ်ကလေးတွေပဲ တွေ့မြင်ရမယ့် မြို့လေးတစ်မြို့

//s9.kh1.co/ff/ff00445a8d256857f0c80420b8a3e7b70d59d1f6.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဆော်ဒီအာရေးဗီးယားနိုင်ငံ ၊ မီရာတွင်တည်ရှိသည့် တဲအိမ်မြို့တော်သည် အဖြူရောင်သေတ္တာပုံးများကို အတန်းလိုက်ချ ထားကာ အချိုးတကျ ပြုလုပ်ထားသည့် မြို့လေးတစ်မြို့ ပဲ ဖြစ်ပါတယ်။ ဒီမြို့လေးမှာ တဲအိမ်ပေါင်း ၄၀၀၀၀ ရှိသော်လည်း ထိုတဲများတွင် အမြဲနေထိုင်သူ မရှိဘဲ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ပွဲတော် ကာလတွင်သာ လူများပြည့်နေလေ့ရှိပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

အစ္စလာမ်ဘာသာ ဥပုသ်ကာလတွင် ဆော်ဒီအာ ရေးဗီးယားကို နှစ်စဉ် လူပေါင်းသုံးသန်းဝန်းကျင် လာရောက်လေ့ရှိကြရာ လာရောက်ကြသူ အချို့သာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် ဆွေမျိုးမိတ်ဆွေများ ရှိကြလို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ခရီးသွားတွေကတော့ မက္ကာသို့ရောက်ရှိချိန်တွင် နားခိုရန်နေရာများ လိုအပ်သဖြင့် မြို့၏ အပြင်တွင် တဲများ ဆောက်လုပ်ရန် စိတ်ကူးရခဲ့ကြရာမှ တဲအိမ်များ တိုးပွားများပြားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

တဲမြို့တော်သည် ကမ္ဘာပေါ်တွင် ဆန်းသစ်တီထွင်မှု အားအကောင်းဆုံး မြို့တော် တစ်ခုဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ အစိုးရက တဲမြို့တော်ခေတ်မီတိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အိုဟောင်းနေသည့် တဲများကိုအစားထိုးခြင်း၊အနံ့အသက် မကောင်းသည့် ပိတ်အမိုးများနေရာတွင် မီးခံ အမိုးများ အစားထိုးခြင်း၊လေဒဏ်ခံနိုင်စေရန် ပြုလုပ်ပေးခြင်း ၊ တဲများတွင်လေအေးစက်များ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရေနှင့် လျှပ်စစ် သုံးစွဲမှု အဆင်ပြေစေရန်လည်း စီစဉ်ပေးခဲ့ပါသေးတယ်။ အဆောက်အအုံတွေမရှိတဲ့ တဲမြို့တော်လေးကို သေသေချာချာပြုလုပ်ပေးလို့ ပြည်သူတွေကလဲ ပျော်ရွှင်ကြရပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Did You Know?

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T