ရှေ့ဆုံးကနေ ရဲဝံ့စွာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို သွေးမြေမကျစေတဲ့ တခြားနည်းလမ်းတွေနဲ့ လှုပ်ရှားစေချင်တယ်ဆိုပြီး ပြောပြလာတဲ့ ကိုပေါက်

//s9.kh1.co/7a/7a23f7e935ddbae3ac4c9d508dc2a4d7bf23d0b5.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကတော့ မကြာသေးခင် ရက်ပိုင်းလောက်က ပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ပြီး အမှန်တရားကိုလိုလားကြတဲ့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးကြဖို့အတွက် တိုက်တွန်းပေးမှုကြောင့် လက်ရှိအဝေးမှာ ခေတ္တရှောင်ရှားနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုပေါက်က အဝေးမှာ ရှောင်ရှားနေရပေမဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူပြည်သားတွေကို နောက်ထပ် သွေးမြေမကျရတဲ့ နည်းလမ်းတွေနဲ့ တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံစာလေးကို သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ " တော်လှန်ရေးညီနောင်များသို့...ပေးစာ.....မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာ ကြံ့ခိုင်ပါစေလို့ မေတ္တာပို့ပါတယ်......ညီနောင်အပေါင်းရဲ့ ရဲရဲတောက် ကြိုးပမ်းလှုပ်ရှားမှုတွေတွေ့ရတာ မျက်ရည်များပင်လည်၍ကြက်သီးထလောက်အောင် အလွန်အားတက်မိပါတယ်......

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

တော်လှန်ရေးအတွက်အသက်ပေးသွားကြတဲ့ ညီမလေး မြသွဲ့သွဲ့ခိုင် ကစလို့ ဆရာဝန်၊ဆရာမ အလယ်ညီညီ အဆုံး အားလုံးအတွက်မိသားစုများနဲ့အတူဝမ်းနည်းခံစားရပါကြောင်းနဲ့ ရောက်ရာအရပ်ကနေဦးညွတ်လိုက်ပါတယ်......ညီနောင်များကိုတစ်ခုလောက်မေတ္တာရပ်ခံချင်ပါတယ်.....ပြည်သူတွေနောက်ထပ်ပြီး သွေးမြေမကျရဘဲအာဏာကိုဆန့်ကျင်လို့ရတဲ့ တခြားနည်းတွေနဲ့ လှုပ်ရှားစေချင်ပါတယ်.....တရားမဝင်စစ်အာဏာသိမ်းတွေက ပစ်ခတ်ဖြိုခွင်းလို့ ကျွန်တော်တို့လမ်းပေါ်က ပျောက်သွားလို့မရပါဘူး....ဒါဆိုရင် သူတို့ရဲ့ဇာတ်ညွှန်းအဟောင်းထဲရောက်သွားပြီး ဆန္ဒပြဆူပူသူတွေမရှိတော့ပါဘူး၊အေးချမ်းသွားပါပြီလို့ အရှက်မရှိတဲ့ TVနဲ့သတင်းစာတွေက ဖော်ပြပါလိမ့်မယ်....အဲ့ဒီတော့ ကျွန်တော်တို့လမ်းပေါ်မှာလည်းရှိနေမယ်၊အသက်အန္တရယ်လည်း မဖြစ်စေတဲ့ နည်းတွေကို သုံးစေချင်ပါတယ်....

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

(၁)ကိုမင်းကိုနိုင်ပြောတဲ့ အချက်ကလည်း အလွန်ကောင်းပါတယ်.....မိမိတို့အိမ်နဲ့အနီးဆုံးလမ်းမတွေရဲ့ဘေးတဖက်တချက်စီမှာ တန်းစီဆန္ဒပြလို့လည်းရပါတယ်....ကိုယ့်ရပ်ရွာကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သလိုရဲနဲ့စစ်သားတွေရဲ့ ရန်ကလည်းဝေးတဲ့အတွက်လုပ်စေချင်ပါတယ်......(၂)လမ်းပေါ်ထွက်စီတန်း ဆန္ဒပြချင်ကြတယ်ဆိုရင်လည်း....စုရပ် မလုပ်ဘဲ၊လမ်းဆုံ လမ်းဂွတွေမှာ အထိုင်ချဆန္ဒပြတာမဟုတ်ဘဲ၊ချီတက်လာရင်း ရဲနဲ့စစ်တပ်က ရှေ့ကပိတ်ထားရင် အနီးဆုံးထိလျှောက်မယ်၊ပြီးရင် မရပ်ဘဲ တစ်ဖက်လမ်းက ပြန်ကွေ့လာပြီးတခြားနေရာကိုရွှေ့ပြီး(လုံးဝ မရပ်တန်း)

နောက်လမ်းကြောင်းတစ်ခုကို ရှေ့ပြေးရဲ့သတင်းပို့ချက်အတိုင်း ချီတက်မယ်.....ပထမနေရာမှာဆန္ဒပြတဲ့သူမရှိလို့ အာဏာရှင်လက်ပါးစေတွေ တန်းဖြုတ်သွားရင် အဲ့ဒီနေရာကို ပြန်သွားတာမျိုး(မရပ်တန်းလှုပ်ရှားမှု)နဲ့သွားရင်အသေအပျောက်နည်းပြီး ကျွန်တော်တို့လှုပ်ရှားမှု့ကလည်းရှိနေတာမျိုး တွေးမိတာကို အကြံပြုချင်ပါတယ်.....ဆန္ဒပြသူမရှိတဲ့နေရာမှာသူတို့ ထီးထီးကြီး အချိန်ကုန်ပါစေ၊သူတို့က ဆန္ဒပြသူတွေတွေရှိတဲ့နေရာကိုလာခဲ့ရင် တခြားနေရာရွှေ့၊ဒါဆိုရင်သူတို့တွေ ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန် ဆီကုန် လူပန်းဖြစ်မယ်.....ပြည်သူက ပြည်သူကိုကာကွယ်တဲ့အစီအစဉ်တွေမျိုး လုပ်စေချင်ပါတယ်၊အကြံပြုတာပါ....ကောင်းမယ်ထင်ရင်လည်းသုံးစေချင်ပါတယ်.....

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

(အသက်မပေးရတဲ့ အကြံကောင်းများရှိရင်လည်းအကြံပြုရေးပေးပါ)အဓိကကျွန်တော်ပြောချင်တာက ဒီအာဏာရူးသူပုန်တွေအတွက်ကျွန်တော်တို့ပြည်သူတွေအသက်ပေးရတာမတန်လို့ပါ.....(လုံးဝ)မတန်လို့ပါ....ကျွန်တော်တ်ို့ငယ်ငယ်က သင်ဖူးခဲ့တဲ့ န်ိယာမတစ်ခု ရှိတယ်လေ”မလိုအပ်ရင် အားမစိုက်ပါနဲ့”တဲ့ တကယ်လိုအပ်လို့အားစိုက်ရတာ အချည်းအနှီးမဖြစ်ပေမယ့် မလိုအပ်ဘဲ အားစိုက်မိရင် အားကုန်တတ်ပါတယ်.....ပြီးခဲ့တဲ့လှုပ်ရှားမှု့တွေကလည်း အားကောင်းခဲ့သလိုလိုအပ်လို့ အားစိုက်ခဲ့ပြီးပြီ နောက်ထပ်အားစိုက်မှုပုံစံ ဗျူဟာအသစ်တစ်မျိုးနဲ့ ဆက်လက်ချီတက်စေချင်ပါတယ်.......ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေက တန်းနေလို့မရဘူး ဇာတ်ရှိန်အနိမ့်အမြင့်တွေနဲ့အနုပညာဆန်ဖို့လိုပါတယ်။ဒါဟာ ကျွန်တော့စကားမဟုတ်ဘူး....ဗိုလ်ချုပ်အောင်ဆန်းကပြောဖူးတယ် ”နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်မယ်ဆိုရင်တောင် အနုပညာဆန်ရတယ်တဲ့ အုပ်ချုပ်မှုမှာ အနုပညာမပါရင် အဲ့ဒီနိုင်ငံက ပျက်တာဘဲ”တဲ့ အားလုံးဘေးကင်ကြပါစေ....အရေးတော်ပုံ အောင်ရမည်....စစ်အာဏာရှင် ကျဆုံးရမည်...အကြမ်းဖက်တာငါတို့မလုပ် လုပ်ရင်ငါတို့မဟုတ် .....ကိုပေါက်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ကိုပေါက်ရဲ့ မေတ္တာရပ်ခံထားတဲ့ စကားလေးကို ပြန်လည်ဖတ်ရှု့လို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

သတင်း အရင်းအမြစ်Source - Aung Min Naing fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T