ဒုစရိုက်သမားတွေရဲ့ ဓားပေါင်းတစ်သိန်းကျော်နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ထုကြီး

//s9.kh1.co/cb/cb87a885154af20d204fee050e8612cbabe123ac.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် ဓားပေါင်းများစွာနဲ့ ထုဆစ်ပြုလုပ်ထားတဲ့ ထူးဆန်းသော ရုပ်ထုတစ်ထု အကြောင်းကိုဖော်ပြပေး ချင်ပါတယ်။

၄င်း ရုပ်ထုကိုတော့ Knife Angel လို့ခေါ်ပီး ဗြိတိန်နိုင်ငံ စတန်းဖိုဒ့် ရှိုင်းယားမှာ တည်ရှိပါတယ်။

ဒီရုပ်ထုကြီးရဲ့ အမြင့်ဟာ ၈ မီတာရှိပြီး ထုလုပ်ထားတဲ့ လက်ရာဟာ မြင်တွေ့ရသူတိုင်းကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ဒီရုပ်တုကြီးကို ဓားတွေနဲ့သာ ပြုလုပ်ထားပြီး ရုပ်တုဖြစ်ပေါ်လာဖို့ အတွက် ဓားအရွယ်အစားမျိုးစုံ တစ်သိန်းကျော်နဲ့ ပြုလုပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ထိုရုပ်တုကို ဖန်တီးပေးထားသူက တော့ Alfie Bradley ဖြစ်ပြီး ရုပ်တုရဲ့ မျက်နှာနဲ့ လက်ချောင်းတွေမှအပ ကျန်တဲ့အစိတ်အပိုင်း အားလုံးကို ဓားတွေနဲ့သာ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ရုပ်တုကို ဖန်တီးရာမှာ အသုံးပြုထားတဲ့ ဓားတွေကတော့ ဝယ်ထားတဲ့ဓားတွေမဟုတ်ပါဘူး။

ထိုဒေသက ရဲဌာနမှာ ဖမ်းဆီးသိမ်းမိထားတဲ့ ဓားတွေကို အသုံးပြုပြီး ထုဆစ်ထားတာပဲ ဖြစ်ပါတယ်။ ယခုလို ဓားရုပ်တုကို ဖန်တီးထားတဲ့ ရည်ရွယ်ချက်ကတော့ လူအချင်းချင်း ချစ်ခြင်းမေတ္တာတရားထားတတ်ဖို့နဲ့ ရန်ပွဲတွေ ငြိမ်းအေးသွားစေဖိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T