နိုင်ငံကျော် စူပါမော်လ်ဒယ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အသိအမှတ်ပြုလက်ခံထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအနုပညာအလုပ်တွေအနေနဲ့ မျိုးဆက်သစ် မော်လ်ဒယ်လေးတွေ မွေးထုတ်ပေးနေသလို Gym Trainer တစ်ယောက်အနေနဲ့လည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် သန္တာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူ အမှန်တရားကို လိုလားကြတဲ့ ပြည်သူပြည်သားတွေနဲ့ အပြည့်အဝရပ်တည်ပေးခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်းပြည်ရဲ့ တာဝန်သိနိုင်ငံသားတစ်ယောက်အနေနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်လှပအောင် တစ်ထောင့်တစ်နေရာကနေ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ သန္တာလှိုင်တော့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြတာလည်း တွေ့မြင်ရပါတယ်။ ယခုမှာဆိုရင် သန္တာလှိုင်ကတော့ ရဲရဲဝံ့ဝံ့နဲ့ လူထုလှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ အသက်စွန့်ပြီး ကာကွယ်ပေးနေတဲ့ လူငယ်တွေကို လေးစားဂုဏ်ပြုစကားပြောလားခဲ့ပါတယ်။
"ဖတ်ရင်းနဲ့ လက်အုပ်ချီမိလောက်အောင်ကို လေးစားပါတယ် ....လူငယ်တို့ရေ.... ဘယ်လိုပြောရမှန်းမသိအောင်ကို လေးစားဂုဏ်ယူပါတယ်။ ကျွန်မတို့တွေ အကုန်လုံး တတ်နိုင်တဲ့ ဘက်ကနေ တစ်ပိုင်တစ်နိုင် ကူညီကြတဲ့အထဲမှာ တန်ဖိုးရှိတဲ့လူငယ်တွေအနေနဲ့ အသက်ကိုစွန့်ပြီး ရှေ့တန်းကနေ ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ ကလေးတွေ အရမ်းကိုလေးစားပါတယ်ရှင်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဆို ကမ္ဘာက သူတို့လက်နက်ကိုင် သောင်းကျန်းသူတွေဆိုတာ လက်ခံသတ်မှတ်လိုက်ပါပြီ ဒါကြောင့် မလိုအပ်ပဲ အားလုံး အသက်မစွန့်ကြပါနဲ့ ဝေးဝေးကနေသာ ပြေးပါနော် လုံးဝထပ်ပြီး အထိအခိုက် မခံကြပါနဲ့တော့" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ...အမှန်တရားကို လိုလားကြတဲ့ ပရိသတ်တွေလည်း အသက်ကိုစွန့်ပြီး ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ သူရဲကောင်း လူငယ်လေးတွေကို ဂုဏ်ပြုပေးလိုက်ပါဦး ။
သတင်း အရင်းအမြစ်៖ Source - Thandar Hlaing fb page