ရှေးဂျပန်ပဒေသရာဇ်ခေတ်အတွင်းမှာတော့ အမျိုးသားတိုက်ခိုက်ရေးသမားတွေသာမက အမျိုးသမီးတိုက်ခိုက်ရေးသမားတွေလည်း များစွာရှိခဲ့ပါတယ်။
အမျိုးသမီး တိုက်ခိုက်ရေးသမားတွေကို ဂျပန်လို Onna-bugeissha လို့ခေါ်ကြပြီး သူတို့ဟာ နန်းတွင်းမှူးမတ် အသိုင်းအဝိုင်းတွေထဲက ဖြစ်တယ်လို့ သိရပါတယ်။
၄င်းအမျိုးသမီးတိုက်ခိုက်ရေးသမားတွေဟာ ပဒေသရာဇ်ခေတ်ကာလအတွင်းမှာ အမျိုးသား ဆာမူရိုင်း တွေနဲ့အတူ ရင်ဘောင်တန်းပီး တိုက်ခိုက်နိုင်ခဲ့တာကြောင့် Bushi လို့ခေါ်တဲ့ ဆာမူရိုင်းအဖြစ် ချီးကျူးသတ်မှတ်ခံခဲ့ရပါတယ်။
ဒီအမျိုးသမီး ဆာမူရိုင်းတွေရဲ့ အဓိကတာဝန်ကတော့ စစ်ပွဲနောက်တန်းမှာ ကျန်ရှိခဲ့တဲ့ သက်ကြီးရွယ်အို နဲ့ ကလေးတွေကို စောင့်ရှောက်ပေးဖို့အတွက် ဖြစ်ပြီး သူတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တာကြောင့် ဆုတံဆိပ်တွေအများကြီးနဲ့ ချီးမြှင့်ခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။
သူတို့တွေဟာ ဓားမြှောင် ၊ ဓားရှည် နဲ့ လေးနဲ့မြားတို့ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရုံသာမက နောက်ပိုင်းမှာ သေနတ်လို လက်နက်တွေကိုတောင် ကိုင်တွယ်ပြီး တာဝန်ပေးအပ်ခံရတဲ့ မြို့နယ်တွေကို ကာကွယ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
ပဒေသရာဇ်ခေတ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီး ဆာမူရိုင်းတွေကတော့ Tomoe Gozen , Nakano Takeko, Hojo Masako တို့ဖြစ်တယ်လို့ မှတ်တမ်းတွေထဲမှာ ဖော်ပြထားပါတယ်။
၁၉၆ နဲ့ ၂၉၆ အေဒီကာလမှာဆိုရင်လည်း အရင် Onna-bugeissha တစ်ယောက်ဖြစ်သူ Jingsu လို့ခေါ်တဲ့ ဘုရင်မတစ်ယောက်ထွက်ပေါ်ခဲ့ပါတယ်။
Jingsu ဟာ စစ်ပွဲပေါင်းများစွာကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ပြီး အေဒီ ၂၀၀ လောက်မှာ ဂျပန်တပ်မတော်ကို ဦးဆောင်ပြီး ကိုရီးယားနိုင်ငံကိုပါ တိုက်ခိုက် သိမ်းပိုက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia