လမ်းမပေါ်က ပြည်သူတွေရဲ့ ကျန်းမားရေးစောင့်ရှောက်မှုများကို တက်နိုင်တဲ့ဘက်နေ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး လုပ်ကိုင်ပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/33/337f02d605d3c59cfdeceb3d3db9b96a38c679cd.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူတွေ လေးစားချစ်ခင်ရတဲ့ ဝါရင့်မင်းသားကြီး ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ပရဟိတဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းပြီး တကယ့်ကိုမွန်မြတ်လှတဲ့ လူမှုရေးအကျိုးပြု လုပ်ငန်းတွေကို အားကြိုးမာန်တက် ဦးဆောင်ပြီး လုပ်ကိုင်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်းအသင်းကတော့ အခက်အခဲဖြစ်နေတဲ့ ဘယ်နေရာဒေသမဆို အလှူရှင်တွေရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးသလို ကိုဗစ်တိုက်ဖျက်ရေး ကာလတွေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ နေ့မနားညမနား ပါဝင်လုပ်ကိုင်ပေးခဲ့ကြပါတယ်။

Photo Credit - Wai Lu Kyaw foundation fb page

လတ်တလောမှာဆိုရင်လည်း လူစုလူဝေးလှုပ်ရှားမှုတွေရှိတဲ့ နေရာတွေမှာ နေ့စဥ်အမျှဆိုသလို ဝေဠုကျော်က သူ့ရဲ့ အသင်းသားတွေနဲ့အတူ ကျန်းမာရေးစောင့်ရှောင်မှုတွေပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် တက်နိုင်တဲ့ ဘက်နေ ပြည်သူပြည်သားတွေအတွက် ကူညီစောင့်ရှောက်ပေးခဲ့တဲ့ မှတ်တမ်းတင်ပုံလေးတွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝေဠုကျော်ဟာ မနေ့က လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page

ဒီပုံလေးတွေကတော့ ဝေဠုကျော်တို့အသင်းက(ရန်ကုန်) ကြက်ခြေနီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းကြောင်း နှစ်ကြောင်းဖြစ်တဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ် ယုဇနပလာအနီး နှင့် ရန်ကင်းမြို့နယ် ၁၂ လုံးတန်း အနီးအပြင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး၊ မီးပွိုင့်လမ်းဆုံအနီးတွေက ပြည်သူတွေရဲ့ ကျန်းမားရေးအတွက် Medical cover team အဖြစ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပြည်သူပြည်သားတွေအတွက် လိုအပ်သလိုကူညီပေးခဲ့တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကို ဒီထက်မက ပိုမိုလုပ်ဆောင်နိုင်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page

သတင်း အရင်းအမြစ်Source - Wai Lu Kyaw foundation fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T