ဝါရင့်ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့် ကိုတော့ ပရိသတ်တွေအားလုံး သိကြမယ်ထင်ပါတယ်။ သဇင်ထူးမြင့် ဟာ မကြာသေးမှီက အနုပညာလောကထဲကို အကယ်ဒမီ ရွှေကြိုကနေ ဝင်ရောက်အားဖြည့်ရင်း နောက်ပိုင်းမှာ အကောင်းဆုံးကြိုးစား လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် သဇင်ထူးမြင့် က အမှန်တရားကို လိုလားတဲ့ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။
လူငယ်တွေအတွက် အနာဂတ်လှပအောင် ဘက်ပေါင်းစုံက ပြည်သူပြည်သားတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ သဇင်ထူးမြင့်ကတော့ အားမာန်တက်ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရဲရဲဝံ့ဝံ့နဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအတွက် စားသောက်စရာတွေကိုလည်း တက်နိုင်သလောက် လှူဒါန်းပေးတာတွေ့ရပါတယ်။ ယခုမှာလည်း သဇင်ထူးမြင့် က မိသားစုတွေနဲ့အတူ လမ်းမပေါ်က ပြည်သူတွေအတွက် မွန်မြတ်တဲ့အလှူလေးကို ထပ်မံပြုလုပ်ခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။
ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း " ဒီနေ့ရေခဲချောင်းအရေတွက် ၅၀၀ လှူဒါန်းခဲ့ပါတယ်ရှင်......အလှူလုပ်နေရင်းနဲ့ ကျဆုံးသွားတဲ့သူတွေရဲ့ သတင်းတွေကြားရတဲ့ခါမှာ အရမ်းစိတ်မကောင်းဖြစ်ရတယ်...ကျဆုံးသွားတဲ့သူရဲကောင်းတွေတွက် သဲတို့အားလုံးက ပိုကြိုးစားရမယ် ပိုစည်းလုံးရမယ်...နေ့တိုင်း တန်ဖိုးရှိတဲ့ အသက်တွေဆုံးရှုံးနေရတယ်...တကယ်ကို မလုံခြုံတော့ဘူး သတိနဲ့သွားလာနေရတယ်... ပြေးလိုက်ရပုန်းလိုက်ရနဲ့ စိတ်နာတယ်....အရေးတော်ပုံ အောင်ကိုအောင်ရမယ်..." ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ လမ်းမပေါ်ကပြည်သူတွေအတွက် စားသောက်စရာလေးတွေ လှူဒါန်းပေးခဲ့တဲ့ သဇင်ထူးမြင့်တို့ မိသားစုလေးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦး။
သတင်း အရင်းအမြစ်៖ Source - ThaZin Htoo Myint fb page