အသက်ပေးခဲ့ရသူတွေအတွက် ဝမ်နည်းကြေကွဲရင်းမောင်းခလုတ်ကို မဆွဲညှစ်ခင် ကိုယ့်မိသားစုအကြောင်း အရင်စဉ်းစားဖို့ပြောလိုက်တဲ့ အောင်လအန်ဆန်

//s9.kh1.co/eb/ebd284d8f056af5ac3dd6590e2a26bf067dbdc0f.jpg
အားကစားသတင်းများ

 ၀၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အသက်ပေးခဲ့ရသူတွေအတွက် ဝမ်နည်းကြေကွဲရင်းမောင်းခလုတ်ကို မဆွဲညှစ်ခင် ကိုယ့်မိသားစုအကြောင်း အရင်စဉ်းစားဖို့ပြောလိုက်တဲ့ အောင်လအန်ဆန်

မနေ့ကတော့ မြန်မာပြည်သူတွေများစွာဟာ လူထုလှုပ်ရှားမှုမှာပါဝင်ကြရင်း ထိခိုက်ဒဏ်ရာရရှိကြသူတွေများစွာရှိနေခဲ့သလို အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေလည်း ရှိနေခဲ့ပါတယ်။ မြန်မာပြည်သူတွေကတော့ ယနေ့မှာလည်းလူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။အောင်လအန်ဆန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်ထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိနေတာဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ နွေဦးတော်လှန်ရေးမှာ အသက်တွေပါ စတေးခဲ့ကြရတဲ့ သူရဲကောင်းအားလုံးအတွက် စိတ်မကောင်းဖြစ်နေပြီး မိသားစုတွေနဲ့ထပ်တူ၀မ်းနည်းကြေကွဲနေခဲ့ပါတယ်။

Photo Credit: aung la nsang(burmese python) ' s Facebook Page

အောင်လအန်ဆန်ကတော့ မောင်းခလုတ်ကို မဆွဲညှစ်ခင် ကိုယ့်မိသားစုအကြောင်း၊ကိုယ့်ကလေးအကြောင်းကို အရင်စဉ်းစားဖို့ပြောဆိုလိုက်ပါတယ်။ အောင်လအန်ဆန်ကတော့ " ပထမဦးစွာလွတ်လပ်မှုအတွက် တိုက်ပွဲ၀င်ခဲ့ပြီး အသက်တွေပါ စတေးခဲ့ကြရတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းအားလုံးရဲ့ မိသားစုတွေနဲ့အတူ ကျွန်တော်လည်းထပ်တူ၀မ်းနည်းကြေကွဲနေရတယ်ဆိုတာ အရင်ပြောချင်ပါတယ်သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက ကျွန်တော်တို့ စိတ်နှလုံးထဲမှာ အမြဲထာ၀ရရှိနေမှာဖြစ်သလို ကျဆုံးခဲ့ရတဲ့သူတွေဟာ ကျွန်တော်တို့ ထာ၀ရလေးစားသွားရမယ့်သူတွေအဖြစ် ထိုက်တန်ကြပါတယ်ဒုတိယအချက်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ပြင်းထန်သောအကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်နေမှုတွေကို ရပ်တန့်ဖို့အတွက် လက်ရှိစစ်အာဏာရှင်တွေအပေါ် ကျွန်တော်အထူး နှိမ့်ချစွာဖြင့် တိုက်တွန်းပါတယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page

အောင်လအန်ဆန်ကတော့ " ရဲ နှင့် စစ်တပ်ကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ရဲ့ မောင်းခလုတ်ကို မဆွဲညှစ်ခင်မှာ ခင်ဗျားတို့ရဲ့ ကလေး၊ ခင်ဗျားတို့ရဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားစေချင်ပါတယ်။ အခုဆန္ဒပြနေသူတွေဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကို၊ အစ်မ၊ ညီမ၊ ခင်ဗျားတို့ရဲ့ တိုင်းပြည်ကလူတွေသာဖြစ်ပြီး သူတို့ကခင်ဗျားတို့ရဲ့ ရန်သူတွေ (လုံး၀) မဟုတ်ပါဘူးဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့ လူတစ်ယောက်ရဲ့ဘ၀ တစ်ခုကို မယူခင် (သို့မဟုတ်) လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် မလုပ်ခင် သေချာလေးစဉ်းစားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အားလုံးဟာ ဘာသာကွဲပြားသည်ဖြစ်စေ၊ မတူကွဲပြားသည့် လူမျိုးစုမှဖြစ်စေ၊ ကျွန်တော်တို့အားလုံးဟာ မြန်မာတွေဖြစ်တယ်ကျွန်တော်တို့အားလုံးဟာ အချင်းချင်းချစ်ခင်ကြဖို့ ကြင်နာတတ်ဖို့ သင်ယူကြရမှာဖြစ်တယ် အကြမ်းဖက်နှိမ်နင်းမှုဟာ ကျွန်တော်တို့ နိုင်ငံကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်စေမှာမဟုတ်ဘူးသွေးထွက်သံယိုဖြစ်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့ ယခုလက်ရှိအခြေအနေတွေကနေ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းတွေ အမြန်ရရှိဖို့ မြန်မာပြည်က လူအားလုံးအတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source : aung la nsang(burmese python) ' s Facebook Page

Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Photo Credit: aung la nsang(burmese python) ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T