အကာအကွယ်အပြည့်အစုံဝတ်ကာ ရှေ့တန်းမှာအားကြိုးမာန်တတ်လှုပ်ရှားနေတဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ လင်းအောင်ခေတ်

//s9.kh1.co/e8/e86a01411f922d770efb33edb9c878f1ee88775e.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရှိ လူငယ်တွေအားလုံးဟာခုဆိုရင် တူညီတဲ့ယုံကြည်ချက်တွေကိုယ်စီနဲ့လမ်းပေါ်ထွက်ကာ မိမိတို့ရဲ့အသက်ဆုံးရှုံးမှာကိုပင်မကြောက်ဘဲ အရာရာပေးဆပ်ကာ လှုပ်ရှားမှုတွေမှာဒီနေ့ထိပါဝင်နေကြတာဖြစ်ပါတယ်။ဒီလိုလူငယ်တွေထဲမှာ အနုပညာရှင်တွေလည်းအများအပြားပါဝင်နေတာကြောင့်ပြည်သူတွေကအင်အားအပြည့်ရှိနေကြတာပါ။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

ခုလိုပြည်သူတွေနဲ့တစ်သားထဲပါဝင်ကာ ရှေ့တန်းကဖြိုခွင်းသူနဲ့ နောက်တန်းက ကူညီအားဖြည့်ပေးသူနဲ့အတိုင်အဖောက်ညီစွာ စည်းလုံးနေမှုကြီးကလည်းတကယ်ကို ကြက်သီးထစရာမြင်ကွင်းတွေပါပဲ။တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကြီးကိုခံနေရတဲ့ ဒီလှုပ်ရှားမှုကြီးကတော့ ဒီနေ့ထိအရှိန်အဟုန်ကောင်းနေဆဲဖြစ်ကာ Gen Y Gen Z လေးတွေရဲ့ တီထွင်ကြံဆမှုတွေကလည်း တကယ်ကိုအံ့မခမ်းပါပဲ။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

ဒီလိုအနုပညာရှင်တွေထဲမှာမှ လင်းအောင်ခေတ်ဟာဆိုရင်လည်း ဖေဖော်ဝါရီလထဲကစခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးမှာခုချိန်ထိတစ်ရက်မပျက်ဘဲအင်တိုက်အားတိုက်ပါဝင်နေတာလေးစားစရာပါပဲ။ဒီနေ့မှာတော့ ခေတ်က အကာအကွယ်အပြည့်အစုံဝတ်ကာ ရှေ့တန်းက အားကြိုးမာန်တတ်လှုပ်ရှားနေတဲ့ ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွဖော်ပြခဲ့ပါတယ်။ပရိသတ်ကြီးအတွက် လင်းအောင်ခေတ်ရဲ့ပုံလေးတွေကိုမျှဝေပေးရင်း လမ်းပေါ်ထွက်နေသူအားလုံးဘေးကင်းစွာ အိမ်ပြန်ရောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Source & Photo Credit : Lin Aung Khit Facebook Account
Source & Photo Credit : Lin Aung Khit Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T